Tuesday, November 27, 2018

ကမ္ဘာတစ်လွှား အများပြည်သူသုံး ထိုင်ခုံအလန်းများ (၃)

ကမ္ဘာနိုင်ငံအသီးသီးတွင် တွေ့မြင်ရသော အများပြည်သူ လွတ်လပ်စွာ အပန်းဖြေအနားယူနိုင်စေရန် စီစဉ်ပေးထားတဲ့ ထိုင်ခုံဒီဇိုင်းဆန်းဆန်းလေးများ ဖြစ်ပါသည်။ ကြည့်လိုက်ကြပါအုံးဗျာ…

Monday, November 26, 2018

အနုစိတ် လက်ရာမြောက်လှသော ခဲသားပန်းပုရုပ်ကလေးများ (၈)

သေးငယ်တဲ့ ခဲတံခဲသားများပေါ်မှာ အနုစိတ်လက်ရာမြောက် ပန်းပုရုပ်ကလေးများအကြောင်း ယခင်က တင်ပေးဖူးပါတယ်။ ယခုလည်း တူရကီအနုပညာရှင် Nihat Ozcan ရဲ့ အနုစိတ် လက်ရာမြောက် ပန်းပုလေးများကို စုစည်း တင်ပေးလိုက်ပါတယ်။ သူရဲ့ ပန်းပုရုပ်လေးများကို အပြင်မှာ ကောင်းကောင်းကြည့်လိုရင် မှန်ဘီလူးတစ်လက်တော့ လိုပါတယ်။

Wednesday, November 21, 2018

အမှတ်တမဲ့ အလွဲများ ( ၁၀၀ )

ဒီတစ်ပတ်တော့ အပိုင်း (၁၀၀) မြောက် ဖြစ်ပါတယ်။ သူငယ်ချင်းတို့အတွက် အလွဲလေးတွေ ရာပြည့်မှသည် ဆက်လက်ပြီးလည်း လွဲပေးနေပါအုံးမယ်ဗျာ။ ကြည့်ရှု့ပြီး ပြုံးပျော်ရွှင်လန်းနိုင်ကြပါစေဗျာ...

နေရာချရတာ မလွယ်ပါဘူးဟယ်...

ကိုယ်က လက်ဦးမှုယူထားရမယ်လေ...

Saturday, November 17, 2018

ဂိုဒေါင်ထဲကတွေ့တဲ အိတ်အဟောင်း ရွှေအိတ်ကြီး ဖြစ်နေ


ဗြိတိန် ဝေလနယ်က အမျိုးသမီးတစ်ဦးဟာ ဂိုဒေါင်ထဲ ၇ နှစ်ကြာ ပစ်ထားတဲ့ အိတ်ဟောင်းကြီးတစ်လုံးဟာ ရွှေသားအိတ်ကြီး ဖြစ်နေတာကို အံ့အားသင့်ဖွယ်ရာ သိရှိလိုက်ရပါသတဲ့။ ရွှေနန်းကြိုးတွေကို ရက်ထားပြီး အိတ်လုပ်ထားတဲ့ ရတနာအနုပညာ လက်ရာတစ်ခုဖြစ်နေပြီး ပေါင်ငွေ ၃၈၀၀ (မြန်မာငွေ ၇၉သိန်း) လောက် တန်နေပါတယ်။ ဝေလနယ် ဒန်ဘစ်ဒေသခံ လင်ဒါပရစ်ချက်က အဆိုပါရွှေအိတ်ကို တွေ့ခဲ့တာဖြစ်ပါသတဲ့။ သူမရဲ့ မွေးချင်းတော်စပ်သူ မာဂရက်ရဲ့ ဂိုဒေါင်မှာ တွေ့ရတာဖြစ်ပြီး ဖုန်တွေ အလိမ်းလိမ်းနဲ့ ဖြစ်နေပါသတဲ့။ အသက် ၆၁ နှစ်အရွယ် လင်ဒါဟာ မျက်လုံးလည်း သိပ်မကောင်းဘဲ အိတ်ကို ဒေသခံ မျက်လုံးစမ်းသပ်စစ်ဆေးသူထံ သွားတုန်း ယူသွားပြီး ပြသခဲ့ပါတယ်။ ၁၉၅၀ ကာလများက လူချမ်းသာအမျိုးသမီး ဒိုရာဂျုန်းစ်ပိုင်တဲ့ ၁၅ ကာရက် ရွှေအိတ်ဆိုတာကို သိလိုက်ရပါသတဲ့။ ဒိုရာဂျုန်းစ်ရဲ့ ခင်ပွန်းသည်ကို ပြုစုဖူးတဲ့ မာဂရတ်ကို ခင်ပွန်းဖြစ်သူက လက်ဆောင်ပေးခဲ့တာလို့ သိရပါသတဲ့။
Credit: The Voice Myanmar Journal

ဂင်းနစ်စံချိန်တင်နိုင်ခဲ့သည့် ဘောလုံးကလပ်အသင်း အများဆုံးကစားဖူးသူ


ဥရုဂွေးနိုင်ငံသား ပရော်ဖက်ရှင်နယ် ကစားသမားဖြစ်သူ Sebastian Abreu သည် ကလပ်အသင်းပေါင်း (၂၆) သင်းပြောင်းလဲကစားကာ ကမ္ဘာပေါ်တွင် ပရော်ဖက်ရှင်နယ် ဘောလုံးကလပ် အများဆုံး ကစားဖူးသူအဖြစ် ဂင်းနစ်ကမ္ဘာ့ မှတ်တမ်း တင်နိုင်ခဲ့ပါသည်။
သူသည် ၁၉၉၅ ခု ဥရုဂွေးကလပ်အသင်း Defensor မှစတင်ကာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင်ကစားခဲ့သော ချီလီကလပ်အသင်း Audax Club Sportivo Italiano အထိ နိုင်ငံပေါင်း ၁၁ နိုင်ငံရှိ ကလပ်အသင်းပေါင်း ၂၆ သင်းတွင် ပြောင်းလဲ ကစားခဲ့ခြင်း ဖြစ်ပါသည်။
သူကစားခဲ့သော ဘောလုံးကလပ်အသင်းများမှာ
Defensor (Uruguay),
1995–1996San Lorenzo (Argentina),
1996-1998 and 2000-2001 (loan)Deportivo La Coruna (Spain),
1998-2004Gremio (Brazil),
1998 (loan)Estudiantes Tecos (Mexico), 1999-2000 (loan) and 2004 (loan)Club Nacional (Uruguay),
2001 (loan),
2004-2005, 2013-2015Cruz Azul (Mexico),
2002-2003 (loan)America (Mexico),
2003 (loan)Dorados de Sinaloa (Mexico),

ခင်ပွန်းကို ထီပေါက်တယ်လို့ ကျီစယ်ပြီး မကြာခင်မှာပဲ ထီဆုကြီးပေါက်ခဲ့သူ


ဗြိတိန်နိုင်ငံက အမျိုးသမီးတစ်ဦးဟာ ခင်ပွန်းကို ပေါင် ၂၅၀၀၀၀ ဆု ထီပေါက်တယ်လို့ ကျီစယ်ခဲ့ပြီး သီတင်းပတ် ၃ ပတ်အကြာမှာပဲ ပေါင်တစ်သန်းဆု ထီပေါက်ခဲ့ပါတယ်။ ပီတာဘရော့မြို့အနီးက ဝစ်တယ်ဆေးမြို့မှာ နေထိုင်တဲ့ အသက် ၂၇ နှစ်အရွယ် လက်သမားဆရာ ပီယာ့(တ်)နဲ့ အသက် ၂၈ နှစ်အရွယ်ရှိတဲ့ ရှားလော့တို့ဟာ တစ်ယောက်ကို တစ်ယောက်ကျီစယ်နေကြမို့လို့ သူ့မိန်းမက ထီပေါက်တဲ့အကြောင်း ပြောချိန်မှာ ပီယာ့(တ်)က မယုံခဲ့ပါဘူး။ ထီအရောင်းဌာနက ထီပေါက်တဲ့အကြောင်း ပို့ထားတဲ့မက်ဆေ့ကို Screenshot ရိုက်ပြမှာပဲ အမှန်တကယ်ထီပေါက်မှန်း သိသွားခဲ့တာပါ။

ရှားလော့ဟာ သူတို့လင်မယားနှစ်ယောက်ရဲ့ အွန်လိုင်းထီအကောင့်ထဲမှာ နောက်ဆုံးလက်ကျန်ဖြစ်တဲ့ ၁.၅ ပေါင်နဲ့ ထီထိုးခဲ့ရာမှာ
ပေါင်တစ်သန်းဆု ပေါက်ခဲ့တာဖြစ်ပါတယ်။ သားသမီး ၃ ယောက်ရှိတဲ့ သူတို့လင်မယားဟာ ထီပေါက်တဲ့ပိုက်ဆံနဲ့ မိသားစုအားလုံး ကျယ်ကျယ်ဝန်းဝန်း နေလို့ရမယ့် အိမ်သစ်တစ်လုံး ဝယ်ယူသွားမယ်လို့ ပြောပါတယ်။
Credit:yoyarlay facebook page

ကနေဒါခွဲစိတ်ကုဆရာဝန်က ၈ နှစ်သားရဲ့ ဝက်ဝံရုပ်ကို ခွဲစိတ်ပေး


- ကနေဒါနိုင်ငံသား ခွဲစိတ်ဆရာဝန်တစ်ဦးဟာ သူ့လူနာရဲ့ စုတ်ပြဲနေတဲ့တက်ဒီဝက်ဝံရုပ်ကို  မေ့ဆေး မပါဘဲ ခွဲစိတ်ကုသမှုတစ်ခုလုပ်ဆောင်ခဲ့အပြီး အင်တာနက်မှာ လူပြောများနေတဲ့သတင်းတစ်ခု ဖြစ်လာပါတယ်။
ဒေါက်တာ ဒန်နီရယ် မက်နီလီဟာ နိုဗာစကော့ရှာပြည်နယ်၊ ဟဲလီဖက်က IWK ကျန်းမာရေးစင်တာမှာ ဦးနှောက်ခွဲစိတ်ကု ဆရာဝန်တစ်ဦးဖြစ်ပြီး ရဲတင်းတဲ့ခွဲစိတ်မှုကို တနင်္ဂနွေနေ့က တွစ်တာပေါ်မှာ တင်ခဲ့ပါတယ်။
သည် ကြည်နူးအားရဖွယ် ပို့စ်ကို ပြန်လည်ရေးသားသူ ၁၁၀၀၀ ကျော်နဲ့ လိုက်ခ်ပေးသူ ၂၆၀၀၀ ကျော်ရရှိထားပြီးဖြစ်ပါတယ်။
အသက်ရှစ်နှစ်အရွယ် ဂျက်ဆန်မက်ကီက ခွဲစိတ်ခန်းအတွင်းကို သူ ယူဆောင်လာခဲ့တဲ့ သူ့အချစ်ဆုံး အရုပ်ကလေးကို ခွဲစိတ်ပေးနိုင်မလားလို့ ဒေါက်တာ မက်နီလီကို မေးမြန်းခဲ့ပါတယ်။
ဂျက်ဆန်မှာ ဦးနှောက်အတွင်း ရေအများအပြားရှိနေတဲ့ အခြေအနေတစ်ခုဖြစ်တဲ့ hydrocephalus ရောဂါနဲ့ ဆိုးရွားတဲ့ ခေါင်းကိုက်ဝေဒနာကို ခံစားနေရပါတယ်။
Related Posts Plugin for WordPress, Blogger...