Monday, January 14, 2019

ကမ္ဘာ့ အကြီးဆုံး ခရစ်စမတ်ဘိုးဘိုး ရုပ်ထုကြီး


ကမ္ဘာ့ အကြီးဆုံး Santa Claus ရုပ်တုကြီးကို ၂၀၁၆ ခုနှစ်တွင် ပေါ်တူဂီနိုင်ငံ၊ gueda တွင် ဖန်တီးပြသခဲ့ပါသည်။ ထိုအရုပ်ကြီးသည် 21.08 m (69.16 ပေ) အမြင့်ရှိပြီး၊ 9.18 m (30.12 ပေ) အထိအကျယ်ရှိပါသည်။
ထိုရုပ်ထုကြီးကို gueda မြို့၏ အုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။ အလူမီနီယံ နှင့် သံ တန်ချိန် ၈ တန်အထိ အသုံးပြုတည်ဆောက်ထားပြီး ညအခါတွင် ရောင်စုံမီးများလင်းစေရန် LED မီးသီးပေါင်း ၁၁၀ ၀၀၀ အထိ တပ်ဆင်ပေးထားပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

ကမ္ဘာ့ ခြေတံအရှည်ဆုံး အမျိုးသမီး


        ကမ္ဘာ့ ပေါ်တွင် ခြေတံအရှည်ဆုံးအဖြစ် Ekaterina Lisina ကို သတ်မှတ်ခဲ့ပါသည်။ သူမသည် ၂၀၁၈ ခုနှစ်၊ အသက် ၂၉ နှစ်အရွယ်တွင် ထိုကဲ့သို့စံချိန်ကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့ အရပ်အမြင့်ဆုံး ပရော်ဖက်ရှင်နယ် မော်ဒယ်အမျိုးသမီးတစ်ဦးအဖြစ်လည်း သတ်မှတ်ထားကြပါသည်။
       သူမ၏ အရပ်အမြင့်သည် 205.16 cm (6 ပေ 8.77 လက်မ) ရှိပြီး ဘယ်ဘက်ခြေတံအရှည်သည် 132.8 cm ရှိပြီး ညာဘက်ခြေတံအရှည်သည် 132.2 cm (52.0 လက်မ) အထိ ရှိပါသည်။
       သူမဟာ Russia ဇာတိဖြစ်ပြီး Slovakia နှင့် Hungary တွင်ကြီးပြင်းခဲ့ပါသည်။ သူမသည် ယခင်က basketball ကစားသမားတစ်ဦး ဖြစ်ခဲ့ပြီး ၂၀၀၈ ဘေဂျင်း အိုလံပစ်ပြိုင်ပွဲ၌ ရုရှနိုင်ငံကိုယ်စားပြုကာ ကြေးတံဆိပ်ဆု ရရှိခဲ့ပါသည်။ ယခုအခါ သူမသည် မော်ဒယ်တစ်ယောက်အဖြစ် ရပ်တည်ကာ ရုပ်ရှင်ဇာတ်ကားများရိုက်ရန်လည်း စီစဉ်နေပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

Lady Justice (တရားမျှတမှု နတ်သမီး)ရဲ့ စိတ်ဝင်စားဖွယ် အကြောင်းအရာများ

ဘယ်ဘက်လက်မှာ အတိမ်းအစောင်း မရှိတဲ့ ချိန်ခွင်ကို ကိုင်ဆောင်ထားပြီး ညာဘက်လက်မှာ နှစ်ဖက်သွား ဓားတလက်ကို ကိုင်ဆောင်ထားတဲ့ Lady Justice ရုပ်ထုကို တရားရုံးတွေမှာ ထားရှိကြတာကို အများအားဖြင့် တွေ့ဖူးကြမှာပါ။
ဒီရုပ်ထုဟာ တရားဥပဒေစိုးမိုးရေးကို တင်စားပုံဖော်ထားတဲ့ ရုပ်ထုတခု ဖြစ်ပြီး ရုပ်ထုရဲ့ လူသိနည်းတဲ့ စိတ်ဝင်စားဖွယ် အကြောင်းအရာတွေကို ဧရာဝတီ စာဖတ်ပရိသတ်တွေအတွက် ဗဟုသုတအနေနဲ့ ပြန်လည် ဖော်ပြပေးတာ ဖြစ်ပါတယ်။

(၁) ၁၆ ရာစုလောက်တည်းကစပြီး Lady Justice ရုပ်ထုတွေမှာ မျက်လုံးကို ဖုံးအုပ်ထားတဲ့ပုံစံ ထည့်သွင်းထုလုပ်ခဲ့ကြပြီး အဲဒီ မတိုင်ခင်တုန်းကတော့ Lady Justice ရဲ့ မျက်နှာဟာ သာမန်အတိုင်းပဲ ဖြစ်ပါတယ်။ ဒီလိုဖုံးအုပ်ရခြင်းရဲ့ အဓိပ္ပါယ်အကြောင်းရင်းကတော့ ဆင်းရဲချမ်းသာ၊ ရာထူးအာဏာ ကြီးငယ်မရွေးကို ဘက်လိုက်ညှာတာခြင်း မရှိဘဲ တရားဥပဒေအတိုင်း မှန်မှန်ကန်ကန်စီရင်မယ်ဆိုတာကို ရည်ညွှန်းလိုခြင်းပဲ ဖြစ်ပါတယ်။

(၂) Lady Justice ရဲ့ ဘယ်ဖက်လက်မှာ ကိုင်ဆောင်ထားတဲ့ ချိန်ခွင်ဟာဆိုရင်တော့ တရားမျှတမှုကို ကိုယ်စားပြုပြီး တရားစီရင်ရာမှာ နှစ်ဖက်စလုံး ညီမျှမှုရှိတဲ့ အဓိပ္ပာယ်ကို ဆိုလိုခြင်းပဲ ဖြစ်ပါတယ်။

ကြည်နူးဖွယ် သက်တန့်ရောင် ပေါင်းကူးတံတား

တွေ့မြင်ရရုံဖြင့် ကြည်နူးဖွယ်ကောင်းလှတဲ့ လှပသည့် ဒီဇိုင်းဖြင့် အလှဆင်ထားသော တံတားလေး ဖြစ်ပါတယ်။ ထိုသက်တန့်ရောင် တံတားလေးကို တရုတ်နိုင်ငံအရှေ့ပိုင်း၊ Shandong ပြည်နယ်၊ Qingdao တွင်တည်ရှိပါတယ်။ တံတားရဲ့ အမိုးအကာများကို သက်တန့်ရောင်များဖြင့် ပုံစံဆန်းဆန်း တည်ဆေက်ထားပြီး ခရီးသွားများအတွက် လာရောက်လည်ပတ်စရာ နေရာတစ်နေရာအဖြစ် တည်ရှိနေပါတယ်။

အိမ်ခြေမဲ့သူ ဆေးရုံတက်ရချိန် လိုက်ပါစောင့်ပေးနေသည့် လမ်းပေါ်မှခွေးများ

ယခုရက်ပိုင်း အင်တာနက်သတင်းများတွင် ထွက်ပေါ်လာတဲ့ ပုံလေးများ ဖြစ်ပါတယ်။ ဘရာဇီးနိုင်ငံမှ အိမ်ခြေယာခြေမဲ့ လူတစ်ဦးဟာ ကျန်းမာရေးမကောင်းသဖြင့် ဆေးရုံတက်ရပါတယ်။ သူဆေးရုံရောက်နေစဉ် ခွေးလေးကောင်မှာ ဆေးရုံရှေ့ အပေါက်ဝအထိ လိုက်ပါစောင်နေခဲ့ပါတယ်။ ထိုခွေးလေးကောင်မှာ အိမ်ခြေမဲ့ အမျိုးသားနှင့် လမ်းပေါ်မှာ အတူနေကြသော ပိုင်ရှင်မဲ့ အလေအလွင့် ခွေးများ ဖြစ်ပါတယ်။

သူတို့အဖော် ဆေးရုံတက်နေရချိန်တွင် အဝေးမသွားဘဲ ဆေးရုံအပေါက်ဝအထိ လိုက်ပါစောင့်ပေးနေပုံမှာ တွေ့မြင်ရသူများ တအံ့တသြ ဖြစ်စေခဲ့ပါတယ်။ လူလူချင်းတောင် ဒုက္ခရောက်ချိန် ရှောင်ပုန်းနေတတ်ကြပေမယ့် လမ်းပေါ်နေ ခွေးများ နှင့် လူသားတစ်ဦးတို့ရဲ့ ခိုင်မြဲသော မေတ္တာတရားကတော့ အတုယူဖွယ် ကောင်းလှပါတော့သည်။

ကမ္ဘာ့ အကြီးဆုံး ခြင်ကြီး

ခြင်တစ်ကောင်ကို ဘယ်လောက်ကြီးကြီး မြင်ဖူးပါသလဲ။ ယခု တရုတ်နိုင်ငံတွင် တွေ့ရှိခဲ့တဲ့ အကောင်ကြီးကတော့ မယုံနိုင်လောက်အောင် ကြီးမားတာကို တွေ့ရမှာပါ။ တကယ်တော့ ဒီအင်ဆက်ကောင်မျိုးဟာ crane-fly မျိုးနွယ်ထဲမှာ ပါဝင်ပါတယ်။ တရုတ်နိုင်ငံ မီဒီယာများမှ ကမ္ဘာ့ အကြီးဆုံး ခြင်ကြီးအဖြစ် ဖော်ပြခဲ့ကြပြီး ဂင်းနစ်ကမ္ဘာ့ မှတ်တမ်းမှာလည်း စံချိန်တင်နိုင်ခဲ့ပါတယ်။ သိပ္ပံအမည်အားဖြင့် Holorusia mikado မျိုးနွယ်ဝင်ဖြစ်ပြီး အရှည်အားဖြင့် 25.8 cm (10.16 လက်မ) အထိ ရှိပါတယ်။

အမေရိက၏ ထူးခြားသော ပုံရိပ်များ

ရေဘဝဲသစ်ပင် (Oregon)

အမေရိကန်ပြည်ထောင်စု၊ အော်ရီဂွန်အရပ်ရှိ ထင်းရှူးပင်ကြီးတစ်ပင်သည် ထူးခြားစွာဖြင့် ရေဘဝဲကြီးတစ်ကောင်လို ပေါက်နေသည်။ ပင်စည်ကြီးတစ်ခုမှ အကိုင်းအခက်များ ထူးခြားစွာ ဖြန့်ထွက်နေခြင်းကြောင့်လည်း ရေဘဝဲကြီးဟု တင်စားခေါ်ဝေါ်ကြခြင်းဖြစ်သည်။

ထိုအပင်ကြီးသည် ယခင်အမေရိကတိုက်တွင် နေထိုင်ခဲ့သည့် ရှေးဟောင်းလူမျိုးစုများနှင့် ဆက်စပ်ခဲ့သည်ဟု ဆိုသည်။ Tillamook ဆိုသည့် ကမ်းရိုးတန်းနေ မျိုးနွယ်စုများသည် ထိုအပင်ကြီးတွင် အခမ်းအနားများ၊ ဘာသာရေးဆိုင်ရာ အခမ်းအနားပွဲများ လုပ်ခဲ့ကြောင်း သိရသည်။

အမေရိကမှ ရှေးဦးမျိုးနွယ်စုတို့သည် ကနူးလှေများလုပ်ရာတွင် ဤအပင်ကြီးမှ အသားကို အဆောင်အဖြစ် တစ်နေရာတွင် ထည့်သုံးလေ့ရှိကြသည်။ ရိုးရာဓလေ့အတွက် ထိုအပင်ကြီးသည် အရေးအပါဆုံးဟူ၍လည်း သတ်မှတ်ထားကြသည်။ ထိုအပင်ကြီးသက်တမ်းက နှစ်ပေါင်းရာကျော်ခန့်ရှိပြီဖြစ်သည်။ “အတိုင်ပင်ခံ အပင်” ဟူ၍လည်း ထိုအပင်ကိုခေါ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ရှေးဟောင်းလူမျိုးစုများသည် အရေးကြီးသည့် ဆုံးဖြတ်ချက်များကို ဤနေရာတွင် လာလုပ်ကြသောကြောင့်ဖြစ်သည်။
Related Posts Plugin for WordPress, Blogger...