Tuesday, January 29, 2019

မြန်မာပြည်တွင်း တွေ့တွေ့သမျှ...( ၂၇ )

Facebook ပေါ်တွင်တွေ့သမျှနှင့် သူငယ်ချင်းများပို့ပေးထားသော ပုံများကို စုစည်းတင်ပေးလိုက်ပါတယ်။ ပျော်ရွှင်ကြည့်နူးနိုင်ကြပါစေဗျာ...
သခင်မရဲ့နာရီ ဓာတ်ခဲအားကုန်နေတာ မသိကြဘူးလားဟဲ့...
 
ဟိုက်... မကျေနပ်လို့များလားးးး

ကမ္ဘာတစ်လွှား အများပြည်သူသုံး ထိုင်ခုံအလန်းများ (၄)

ကမ္ဘာနိုင်ငံအသီးသီးတွင် တွေ့မြင်ရသော အများပြည်သူ လွတ်လပ်စွာ အပန်းဖြေအနားယူနိုင်စေရန် စီစဉ်ပေးထားတဲ့ ထိုင်ခုံဒီဇိုင်းဆန်းဆန်းလေးများ ဖြစ်ပါသည်။ ကြည့်လိုက်ကြပါအုံးဗျာ…

Monday, January 14, 2019

အမေရိကန်တို့ လပေါ် အမှန်တကယ် ဆင်းခဲ့၊ မဆင်းခဲ့ ရုရှားလေ့လာမည်


Apollo 11 သည် ၁၉၆၉ ခုနှစ်တွင် လမျက်နှာပြင်ပေါ် အောင်အောင်မြင်မြင် ဆင်းသက်နိုင်ခဲ့ပြီး ယင်းပေါ်လိုက်ပါသွား သည့် လူသုံးဦးသည်လည်း လမျက်နှာပြင် ပေါ်တွင် လမ်းလျှောက်ခွင့်ရသည့် ပထမဦးဆုံးလူသားများဖြစ်သွားတော့သည်။ ယင်းအောင်မြင်မှုကြီးကို လူအများက ချီး မွမ်းခန်းဖွင့်ခဲ့ကြသည်။ ထိုသို့စွမ်းဆောင်ခဲ့ နိုင်သဖြင့် အမေရိကသည် အာကာသနည်း ပညာပြိုင်ပွဲတွင် ရုရှားထက် သာသွားတော့ သည်။ သို့သော် လပေါ်ဆင်းသက်ပြခြင်း သည် အတုသာဖြစ်သည်ဟူသော ယူဆ ချက်များလည်း ထွက်ပေါ်လာသည်။ လ ပေါ်ဆင်းပြနေသည့်ပုံများကို လူအချို့က နှစ်ရှည်လများ အသေးစိတ်လေ့လာပြီး ယင်းသည်အတုသာဖြစ်ကြောင်း၊ အမေရိ ကန်အစိုးရသည် လူများကို အတုဖြင့်လှည့် ဖြားခဲ့ခြင်းသာဖြစ်ကြောင်း ဖော်ပြနေသည့် မှတ်တမ်းဗီဒီယိုအများအပြားလည်း ပေါ် ထွက်ခဲ့သည်။ ထို့ကြောင့် ရုရှားအာကာသ အေဂျင်စီ Roscosmos ၏အကြီးအကဲဖြစ် သူ ဒီမစ်ထရီရိုဂိုဇင်ကလည်း အမေရိကန် တို့ လမျက်နှာပြင်ပေါ် အမှန်တကယ်ဆင်း သက်ခဲ့ခြင်း ရှိ မရှိ စုံစမ်းစစ်ဆေးသွားမည် ဟု ဆိုလိုက်သည်။ လပေါ်တွင်အခြေစိုက်စ ခန်းတစ်ခုတည်ထောင်လျှင် ကုန်ကျစရိတ် အလွန်ကြီးမည်ဖြစ်သောကြောင့် ယင်းစ ရိတ်အားလုံးကို တစ်နိုင်ငံတည်း ကျခံနိုင် မည်မဟုတ်ကြောင်း မော်လ်ဒိုဗာသမ္မတ နှင့်စကားပြောစဉ်တွင် ၎င်းကဆိုလိုက်သည်။ အမေရိကန်အာကာသယာဉ်မှူးများ လ ပေါ် အမှန်တကယ်ဆင်းခဲ့သလောဆိုသည့် မေးခွန်းကို ]အဲဒါ တကယ်ဟုတ်၊ မဟုတ် လေ့လာဖို့ ကျွန်တော်တို့အဖွဲ့တစ်ဖွဲ့ ဖွဲ့ ထားတယ်။ သူတို့ကို လပေါ်လွှတ်သွားမှာ] ဟု ဖြေဆိုသွားခဲ့သည်။ ရုရှားသည် လပေါ် တွင် စခန်းတစ်ခုတည်ဆောက်သွားရန် လည်း စဉ်းစားနေသည်။
( IT, 10.12.18) ချယ်ရီ
Credit:Pyimyanmar newsjournal

လူအယောက် ၁၃၀၀ ကျော်ရဲ့ ဖခင်ဖြစ်နေတဲ့ အမေရိကန်က အငြိမ်းစား စာပို့သမားကြီး


အမေရိကန်ပြည်ထောင်စု၊ တန်းနက်ဆီးပြည်နယ် (Tennessee) က အသက် ၈၇ နှစ်အရွယ် အငြိမ်းစားစာပို့သမားကြီးတစ်ဦးဟာ အဆိုပါဒေသက ကလေးဦးရေ ၁၃၀၀ ကျော်ရဲ့ ဖခင်ဖြစ်တယ်လို့ ၁၅ နှစ်ကြာစုံစမ်းမှုနဲ့ DNA စစ်ဆေးချက်တွေအရ သိရှိခဲ့ရပါတယ်။
အဖြစ်အပျက်က ဒီလိုပါ။ ၂၀၀၁ ခုနစ်မှာ စူးစမ်းလေ့လာသူ သုတေသီတစ်ဦးဖြစ်သလို အလွတ်စုံထောက်တစ်ဦးလည်းဖြစ်တဲ့ ဆစ်ဒ်ရွိုင်း (Sid Roy) ထံကို  လူနှစ်ယောက် ရှေ့ဆင့်၊ နောက်ဆင့်ဆိုသလို ရောက်လာခဲ့ပြီး သူတို့ရဲ့ ဖခင်အရင်းကို ရှာဖွေဖော်ထုတ်ပေးဖို့ ဆစ်ဒ်ဆီမှာ ကိုယ်စီကိုယ်ငှ အလုပ်အပ်သွားခဲ့ကြပါတယ်။ ဆစ်ဒ် ရဲ့စုံစမ်းဖော်ထုတ်မှုအပြီးမှာတော့ သူတို့နှစ်ယောက်လုံးရဲ့ ဖခင်အရင်းက တစ်ဦးတည်းဖြစ်နေတာကို သွားတွေ့ခဲ့ပါတယ်။
ဆစ်ဒ်အတွက် အံ့အားသင့်ရုံအဆင့်ကနေ နောက်ထပ်အမှန်တရားတွေကိုပါ တစ်ကိုယ်တည်းကြိတ်ပြီးဖော်ထုတ်လိုတဲ့ အဆင့်ကိုရောက်သွားပြီး တန်းနက်ဆီးပြည်နယ်က ကလေး ၁၃၀၀ ကျော်ရဲ့ဖခင်က တစ်ဦးတည်းသာ ဖြစ်နေကြောင်း အဖြေရလဒ်ဟာ သူရဲ့ ၁၅ နှစ်ကျော်ကြာ သုတေသနခရီးမှာ DNA စစ်ဆေးချက်၊ သက်သေသာဓကတွေနဲ့ ခိုင်ခိုင်မာမာကြီး ပေါ်ထွက်လာခဲ့တပါ။ ကလေးတွေရဲ့ဖခင်အရင်းဖြစ်တဲ့ အငြိမ်းစားစာပို့သမားကြီးကလည်း ဝန်ခံသွားခဲ့သလို အင်တာဗျူးမှာ အခုလိုဖြေခဲ့ပါတယ်။

နာဆာရဲ့စူးစမ်းရေးယာဉ် ဂြိုဟ်သိမ်ပေါ်မှာ ရေတွေ့ရှိ


နာဆာရဲ့  ပထမဆုံး ဂြိုဟ်သိမ်ဂြိုဟ်မွှားနမူနာလေ့လာရေးမစ်ရှင် OSIRIS-Rex ဟာ ပြီးခဲ့တဲ့တစ်ပတ်ကမှ Bennu ဂြိုဟ်သိမ်ဆီရောက်ရှိခဲ့တာဖြစ်ပေမယ့် အစောပိုင်းနေအဖွဲ့အစည်းစနစ်က ကာလအပိုင်းအခြားအကြောင်းနဲ့ ပတ်သက်ပြီး နောက်ထပ်အသိပညာတွေ လေ့လာနိုင်ခဲ့ပါတယ်။
OSIRIS-REx စူးစမ်းယာဉ်ဟာ Bennu ပေါ်က ရွှံ့စေးတွေထဲမှာ ရေကို တွေ့ရှိခဲ့ပါတယ်။
Bennu ဆီရောက်ဖို့ နှစ်နှစ်လောက်အချိန်ယူရကျိုး နပ်ခဲ့ပါတယ်။
OSIRIS-REx ဟာ ကမ္ဘာမြေကနေ မိုင်ပေါင်း ၁.၄ သန်းကို ခရီးသွားခဲ့ပြီး Bennu ထံ ချဉ်းကပ်ခဲ့ပါတယ်။ သြဂုတ်လနဲ့ ဒီဇင်ဘာလ အစောပိုင်းအတွင်းမှာ သိပ္ပံနည်းကျစုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ သူ့ရဲ့ကိရိယာတွေထဲက သုံးခုကို သည်ဂြိုဟ်သိမ်ပေါ်ကို ချိန်ထားခဲ့ပါတယ်။

ထိုင်း မသန်စွမ်းဆင်များကို ဂီတဖြင့် အားပေးနှစ်သိမ့်ပေးနေသည့် ဗြိတိန်စန္ဒရားဆရာ


ဗြိတိန်ဂန္ထ၀င်စန္ဒရားဆရာ ပေါလ်ဘာတန်ဟာ တပတ်ကို အကြိမ်ပေါင်းများစွာ သက်ကြီး မသန်စွမ်း ဆင်တွေကို စန္ဒရားနဲ့ တီးခတ် ဖျော်ဖြေပြီး အားပေးနှစ်သိမ့်နေပါတယ်။
အခုတကြိမ်မှာတော့ လမ်ဒူယန် ဆိုတဲ့ အသက် ၆၅ နှစ်အရွယ် ဆင်မကြီးဟာ နေ့လယ်စာစားရင်း ဘာတန်ရဲ့ Silent Night တေးသွားကို နားဆင်နေပါတယ်။
ထိုင်းနိုင်ငံအနောက်ပိုင်း ကန်ချနပူရီခရိုင်က Elephants World ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းမှာ လမ်ဒူယန်လိုမျိုး သက်ကြီးရွယ်အို မသန်စွမ်းဆင်တွေကို ဂီတနဲ့ ကုသပေးနေတာ ၈ နှစ် ရှိပါပြီ။
“ပထမဆုံးအကြိမ် ကျနော်ဆင်ကို စန္ဒရား တီးပြတုန်းက ကျနော့်နောက်က လယ်ကွင်းထဲမှာ ဆင်တကောင် ရှိနေတယ်။ ပလာရာဆိုတဲ့ မျက်မမြင် ဆင်လေးက မတော်တဆ ကျနော့် စန္ဒရားသံကို ကြားသွားတယ်။ သူက မနက်စာစားနေတာ။ ဆင်တွေ အကုန်လုံး ဗိုက်ဆာနေကြတယ်။ အဲဒီအချိန်မှာပဲ ထူးထူးဆန်းဆန်း ပလာရာက ပါးစပ်ထဲမှာ ငှက်ပျောသီး ပလုပ်ပလောင်းနဲ့ စားနေတာကို ရပ်ပြီး ကျနော့် စန္ဒရားသံကို လာနားထောင်တယ်” လို့ စန္ဒရားတီးသူ ပေါလ်ဘာတန်က ပြောခဲ့ပါတယ်။

တစ်မြို့လုံး ရောင်းဖို့ရှိနေတဲ့ နိုင်ငံ


နယူးဇီလန်နိုင်ငံမှာ ၁၉၃၀ ခုနှစ်တုန်းက ရေကာတာ စီမံကိန်းတခု ရှိခဲ့ပါတယ်။ ရေကာတာ စီမံကိန်းစတော့ အလုပ်သမားတွေက မြို့ငယ်လေးတမြို့ ဆောက်ခဲ့ပါတယ်။ Waitaki ရေကန်ရှိတဲ့ အဲဒီမြို့ငယ်လေးဟာ အခုတော့လည်း တမြို့လုံးရောင်းဖို့ ဖြစ်လာပါတော့တယ်။
ပိုက်ဆံရှိလာတဲ့အခါ တချို့လူတွေက အိမ်ဝယ်ကြပါတယ်။ တချို့ကတော့ တိုက်ခန်းဝယ်ကြပါတယ်။ အခုတော့ မြို့တမြို့လုံးကိုပါ ဝယ်နိုင်ပါတော့မယ်။ အဲဒီမြို့ကို ဘယ်သူတွေက ဝယ်နိုင်ကြမလဲ။
Waitaki ရေကန်ရှိတဲ့ မြို့ငယ်လေးကို ရောင်းမယ့်ဈေးနှုန်းကတော့ ဒေါ်လာ ၂ ဒဿမ ၈ မီလီယံ ဖြစ်ပါသတဲ့။ ဒီမြို့ငယ်လေးဟာ နယူးဇီလန်နိုင်ငံရဲ့တောင်ဘက်ပိုင်းကျွန်းစုတွေထဲရှိပြီး Dunedin ရဲ့ မြောက်ဘက် ကီလိုမီတာ ၁၈၀ (၁၁၂ မိုင်) အကွာမှာ ရှိပါတယ်။
Related Posts Plugin for WordPress, Blogger...