Wednesday, January 30, 2019

ဆောက်လုပ်ရေး လောကမှ အလွဲများ (၁၅)

ကြံကြံဖန်ဖန်ဆောက်လုပ်ထားကြပုံလေးတွေကို ထပ်မံတင်ပေးလိုက်ပါတယ်။ ပြုံးပျော်ရွှင်လန်း နိုင်ကြပါစေ.....

ရထားက ခုန်တက်သွားရမှာလား...

တော်တော်လုံတဲ့ ခြံစည်းရိုး...

ထူးထူးခြားခြား တီထွင်မှုများ (၄)

ဒီတစ်ခါလည်း သူငယ်ချင်းတို့အတွက် နားလည်ရခက်တဲ့ တီထွင်ထုတ်လုပ် ရောင်းချသည့် ပစ္စည်းလေးများကို တင်ပြပေးထားပါတယ်။ တစ်ချို့ပစ္စည်းလေးများဟာ တကယ်ကို အသုံးဝင်နိုင်ပေမယ့် တစ်ချို့အရာများကတော့ လိုအပ်တာထက် နည်းနည်းပိုနေသလို ဖြစ်နေပါတယ်။ ရှာဖွေစုစည်းလို့ရသမျှ ပုံကလေးများကို စုစည်းတင်ပေးလိုက်ပါတယ်။
မိုးရွာထဲမှာ ဖုန်းအသုံးပြုချင်သူများအတွက် အသုံးဝင်ပါတယ်။ လူကတော့ စိုပေ့စေပေါ့...
 
အတို၊ အရှည် လိုသလို ပြောင်းလဲဝတ်ချင်သူများအတွက် အထူးဒီဇိုင်းပါ။

ကမ္ဘာ့ အကျဉ်းဆုံး လမ်း...

ဂရင်းနစ်မှတ်တမ်းဝင်ထားတဲ့ကမ္ဘာ့ အကျဉ်းဆုံးလမ်း ဟာ ဂျာမနီနိုင်ငံ Reutlingen မှာ တည်ရှိပါတယ်။ ၁၈ ရာစု ကတည်ရှိခဲ့တယ်ဆိုတဲ့ ဒီလမ်းလေးဟာအကျဉ်းဆုံးနေရာ အိမ်တစ်အိမ် နဲ့ တစ်အိမ် ကြား လမ်းအကျယ် ဟာ 31 cm (၁ ပေ)သာရှိပါတယ်။ အကျယ်ဆုံးနေရာကတော့ 50 cm ( ၁၉.၇ လက်မ ) ရှိပါတယ်။ လမ်းအမည်ကတော့ Spreuerhofstraße လို့ခေါ်ကြပါတယ်။ မြို့ရဲ့ တရားဝင် လမ်းသွယ်တစ်ခုအနေနဲ့ သတ်မှတ်ထားပေမယ့် တကယ့်တော့ အိမ်နှစ်အိမ်ကြား ကွက်လပ်လေးလောက်ပဲ ရှိနေတာပါ။ ကမ္ဘာ့အကျဉ်းဆုံး လမ်းအဖြစ် ၂၀၀၆ ခုနှစ်တွင် ဂင်းနစ်မှတ်တမ်း၌ ဖော်ပြခံခဲ့ရပါတယ်။
6/12 မှပိုစ့်အား ပြန်လည်ပြင်ဆင် တင်ပြပေးပါသည်။

အရပ်ရှည်သူများရဲ့ ဒုက္ခ

တော်တော်များများကတော့ အရပ်ရှည်ချင်ကြပါတယ်။ ဒါပေမယ့် တခါတလေ အရပ်ရှည်သူများ ကြုံတွေ့ရတဲ့ အခက်အခဲလေးများကို တင်ပြလိုက်ပါတယ်။ မိမိတို့သူငယ်ချင်းများထဲမှ အရပ်ရှည်သူများကိုလည်း လက်တို့လိုက်ပါအုံး...

လှသလောက် အန္တရာယ်များလှသည့် ငါးခြင်္သေ့

       အရောင်အသွေး တောက်ပစုံလင်စွာဖြင့် လှပသည့် အဆူးအတောင်များနှင့် ငါးခြင်္သေ့များကို တွေ့ဖူးကြမှာပါ။ ထိုငါးများသည် လှသလောက် အန္တရာယ်ပေးနိုင်သည့် အဆိပ်ပြင်း ပင်လယ်ငါး တစ်မျိုးပင် ဖြစ်ပါသည်။ သူတို့တစ်ကိုယ်လုံးတွင် အဆိပ်ရှိသော အဆူးအတောင်များ ၁၈ ခု ရှိပါသည်။ ထိုအဆူးအတောင်များနှင့် ထိုးမိလျှင် ချက်ခြင်း ရောင်ကိုင်းကာ နာကျင်မှုကို ပြင်းစွာခံရတတ်ပါသည်။ အဆိပ်အလွန်ပြင်းသော ငါးမျိုးစိတ်တစ်ချို့သည် အခန့်မသင့်ပါက သေသည်အထိ ဖြစ်စေတတ်ပါသည်။ သို့ပေမယ့် ထိုငါးများ၏ လှပသော အဆူးအတောင်များကြောင့် အလှမွေးငါးကန်များတွင် ထည့်သွင်းမွေးမြူလေ့ရှိသော ငါးမျိုးများလည်း ဖြစ်ပါသည်။
       ငါးခြင်္သေ့များသည် Scorpaenidae မျိုးနွယ်ဝင် ငါးမျိုးများဖြစ်ပြီး အရောင်အသွေးနှင့် ပုံစံကိုလိုက်ပြီး မြင်းကျားငါး၊ မီးငါး၊ ကြက်ဆင်ငါး၊ လိပ်ပြာငါး စသည်ဖြင့် ခေါ်ဆိုတတ်ကြပါသည်။ အရောင်မှာလည်း အနီရောင်၊ အဖြူရောင် ၊ အနက်ရောင် စသည်ဖြင့် အရောင်စုံ အစင်းကြားများဖြင့် ရှိပါသည်။ တစ်ပေလောက်အထိ အရွယ်ရှိကြပါသည်။ မူရင်းဒေသမှာ အင်ဒို-ပစိဖိတ်ဒေသမှ ဖြစ်ပြီး ယခုအခါ အတ္တလန်တစ် မြောက်ပိုင်းပင်လယ်များ၊ ကာရစ်ဘီယံပင်လယ်၊ အမေရိကန်အရှေ့ပိုင်း၊ မက္ကဆီကို ပင်လယ်ကွေ့စသည်ဖြင့် ပျံ့နှံ့နေကြပါသည်။ ငါးခြင်္သေ့များသည် သန္တာကျောက်တန်းများတွင် မှီတင်းနေထိုင်ကြသော ငါးများ ဖြစ်ပါသည်။
       ငါးခြင်္သေ့များ၏ အန္တရာယ်များပုံမှာ ထိုမျှနှင့် မပြီးသေးပါ။ ထိုငါးများသည် အသားစားအလွန်ကြမ်းသော ငါးမျိုးများ ဖြစ်ပါသည်။ သူတို့ရောက်ရှိလာသဖြင့် အခြာ သန္တာကျောက်တန်းနေငါးမျိုးများ ပျောက်ကွယ်ခဲ့ရပါသည်။ သန္တာကျောက်တန်းနေငါးများ၏ ၈၀ ရာခိုင်နှုန်းကို ငါးပတ်အတွင်း ကုန်အောင် စားသုံးနိုင်ကြပါသည်။ သူတို့ဝမ်းဗိုက်သည် ခန္ဓာကိုယ်ထက် အဆများစွာကြီးအောင် အဆက်မပြတ် စားနိုင်ကြပါသည်။ ငါးမများသည် ၁၃ နှစ်အထိ ဥ ချနိုင်ကြပြီး တစ်ကြိမ် ဥ ချလျှင်လည်း ဥ ၂ သန်းလောက် ချနိုင်ပါသည်။ ပေါက်ဖွားနှုန်း မြင့်မားသလို ၊ အသားစားကြမ်းလွန်းသော ငါးမျိုးဖြစ်သဖြင့် အခြားငါးများ မျိုးသုန်းပျောက်ကွယ်ဖို့ စိုးရိမ်ဖွယ် ဖြစ်ကြရပါသည်။
       ထိုကဲ့သို့ စိုးရိမ်ဖွယ်ကောင်းသော အခြေအနေများကြောင့် ယခုအခါ ငါးခြင်္သေ့ဖမ်းပွဲတော်များ ကျင်းပကာ စုပေါင်းစားသုံးမှုများလည်း ပြုလာကြပါသည်။ ထိုငါးအသားကို ဆူရှီကဲ့သို့ အစားအစာများ ပြုလုပ်စားသုံးတတ်ကြပါသည်။ အခြားသော ငါးမျိုးထိန်းသိမ်းနည်းများနှင့်လည်း ကြိုးပမ်းလုပ်ဆောင် နေကြပါသည်။ ငါးခြင်္သေ့များ၏ လှပသောပုံစံကွဲများကို တင်ပြပေးလိုက်ပါတယ်။

နှာစေးတဲ့ ပြဿနာကို အိမ်မှာ အလွယ်တကူ ဖြေရှင်းကြမယ်


အေးမြတဲ့ ဆောင်းရာသီမှာ ဖြစ်စေ၊ ရာသီဥတု ပူနေတဲ့အချိန်မှာဖြစ်စေ နှာစေးတဲ့ ပြဿနာဟာ ကြုံလာရနိုင်ပါတယ်။ ပြင်းထန်တဲ့ ရောဂါလက္ခဏာမျိုး မဟုတ်ပေမယ့် ဝေဒနာခံစားနေရသူအတွက်ရော၊ ဘေးပတ်ဝန်းကျင်က လူတွေကိုပါ အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။
နှာစေး၊ နှာပိတ်တာဟာ အအေးမိ၊ တုပ်ကွေးဖြစ်တဲ့အချိန်မှာ အတွေ့အများဆုံး လက္ခဏာဖြစ်ပြီး ဓာတ်မတည့်တာ၊ ဖျားနာတာ၊ ရောဂါတခုခု ကိုယ်ခန္ဓာထဲ ဝင်ရောက်တဲ့အခါမျိုးမှာလည်း ကြုံတွေ့ရတတ်ပါတယ်။ ဒါကြောင့် နှာစေး၊ နှာပိတ်၊ ချောင်းဆိုးနေပြီဆိုရင် လက်ကိုင်ပဝါ၊ တစ်သျှူးနဲ့ ပါးစပ်ကို အုပ်ထားဖို့ လိုအပ်ပါတယ်။ ရောဂါပိုးဟာ အထိအတွေ့တင်မက လေထဲကနေပါ ပျံ့နှံ့နိုင်တာကြောင့်ပါ။
အထူးသဖြင့် ခုလို ခြောက်သွေ့ပြီး အေးမြနေတဲ့ ဆောင်းရာသီလို အချိန်မျိုးမှာ အအေးမိ၊ တုပ်ကွေး အဖြစ်များတာကြောင့် လူထူထပ်တဲ့ နေရာသွားတာ တတ်နိုင်သလောက် ရှောင်သင့်ပါတယ်။ အပြင်က ပြန်လာရင်လည်း လက်ကို ဆပ်ပြာနဲ့ သေချာစွာ ဆေးကြောပေးပါ။ အာဟာရမျှတတဲ့ အစားအစာတွေကို ပူပူနွေးနွေးချက်ပြုတ်ပြီး စားသောက်ပေးပါ။ ကိုယ့်ရဲ့ ကျန်းမာရေးကို သေချာဂရုစိုက်ပေးပါ။

အိမ်မှာ အလွယ်တကူ နှာစေးသက်သာအောင် လုပ်လို့ရမယ့် နည်းလမ်းများ

ရွှေဒင်္ဂါးပြားအစစ်များဖြင့် ပြုလုပ်ထားသည့် တန်ဖိုးအကြီးဆုံးခရစ္စမတ်သစ်ပင်


ရွှေဒင်္ဂါးပြားစစ်စစ်တွေနဲ့ ပြုလုပ် ဖန်တီးထားတဲ့ ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့က ရွှေ ဒင်္ဂါးခရစ္စမတ်သစ်ပင်က ဥရောပရဲ့ တန်ဖိုးအကြီးဆုံး ခရစ္စမတ်သစ်ပင်ဖြစ် လာခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်ကို အစွဲပြုပြီး ရွှေဒင်္ဂါးပြား ၂၀၁၈ ပြားနဲ့ ပြုလုပ်ထားတဲ့ ရွှေ ရောင်တဖိတ်ဖိတ်တောက်နေတဲ့ ထူးခြားတဲ့ ခရစ္စမတ်သစ်ပင်ကြီးလည်း ဖြစ်ပါတယ်။ ယူရို ၂ ဒသမ ၃ သန်း (ဒေါ်လာ ၂ ဒသမ ၆ သန်းကျော်) တန်ကြေးရှိတဲ့ ခရစ္စမတ် သစ်ပင်ကြီးဖြစ်ပြီး မြူးနစ်မြို့က ထိပ်တန်း ရွှေဆိုင်ကြီးဖြစ်တဲ့ Pro Aurum မှာ ခင်း ကျင်းပြသထားတာဖြစ်ပါတယ်။ ရွှေတစ် အောင်စစီရှိတဲ့ ရွှေဒင်္ဂါးပြား ၂၀၁၈ ပြားနဲ့ ခရစ္စမတ်သစ်ပင်ပုံဖန်တီးပြုလုပ်ထားပြီး သစ်ပင်ရဲ့ထိပ်ဆုံးမှာတော့ ၂၀ အောင် စရှိတဲ့ ရွှေဒင်္ဂါးပြားကြီးပါရှိတဲ့ ကြယ်ပွင့်နဲ့ အလှဆင်မွမ်းမံထားခဲ့တယ်လို့ Pro Aurum ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဘင်ဂျ မင်ဆမ်မာက ဆိုပါတယ်။ သစ်ပင်ကြီး တစ်ခုလုံးအတွက် ရွှေသားစင်စစ် ၆၃ ကီ လိုဂရမ်အသုံးပြုထားပြီး တန်ဖိုးအားဖြင့် ယူရို၂ ဒသမ ၃ သန်း (ဒေါ်လာ ၂ ဒသမ ၆ သန်းကျော်)ရှိတယ်လို့ ဘင်ဂျမင်က ဆိုပါတယ်။ အမြင့် ၉ ပေ ၈ လက်မရှိတဲ့ ဒီရွှေဒင်္ဂါးခရစ္စမတ်သစ်ပင်ကို ဩစတြီး ယားဒင်္ဂါးတိုက်နဲ့အတူပူးပေါင်းလုပ်ဆောင် ခဲ့တာဖြစ်ပြီး ရွှေဒင်္ဂါးတွေကို ခရစ္စမတ် သစ်ပင်အဖြစ် ဆင်ယင်မှုအတွက် အချိန် တစ်နာရီကျော်ကြာမြင့်ခဲ့တယ်လို့ ဘင်ဂျ မင်က ဆိုပါတယ်။
(NTD, 15.12.18) သံသာ
Credit:Pyimyanmar news journal
Related Posts Plugin for WordPress, Blogger...