Wednesday, February 20, 2019

ကမ္ဘာ့ အကျော်ကြားဆုံ နာရီစင်ကြီးများ

နိုင်ငံတိုင်းတွင် အထိမ်းအမှတ်သဘောအဖြစ် ထားကြသော နာရီစင်ကြီးများ ရှိကြပါသည်။ ထိုနာရီစင်ကြီးများသည် တစ်ချိန်က အချိန်ကြည့်ရန် တည်ဆောက်ထားကြပေမယ့် ယခုခေတ်တွင်မူ နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်ယူစရာ အထိမ်းအမှတ်တစ်ခုအဖြစ် ဆက်လက်တည်ရှိ ထိန်းသိမ်းထားကြပါသည်။ ယခုတင်ပြမှာကတော့ ကမ္ဘာပေါ်တွင် အကျော်ကြားဆုံးနှင့် လူသိအများဆုံး နာရီစင်ကြီးများအကြောင်း ဖြစ်ပါသည်။

1. Big Ben (Elizabeth Tower), London, England

နာရီစင်ဆိုသည်နှင့် အင်္ဂလန်၊ လန်ဒန်မြို့တော်မှ Big Ben နာရီစင်ကြီးကို ပြေးမြင်မိကြပါသည်။ ထိုနာရီစင်ကြီးသည် ကြီးမားခြင်း ၊ လှပခန့်ညားခြင်း ၊ ရှေးကျခြင်း ၊ နိုင်ငံ၏ အထိမ်းအမှတ်နေရာတစ်ခုအဖြစ် တည်ရှိနေခြင်း စသည့်ဂုဏ်ပုဒ်များဖြင့် ပြည့်စုံနေပါသည်။ ၁၈၅၈ ခုနှစ်ကတည်းက တည်ဆောက်ပြီးစီးခဲ့သည့် ရှေးဟောင်းနာရီစင်ကြီး ဖြစ်ပါသည်။ Big Ben နာရီစင်ကြီးသည် ကမ္ဘာပေါ်ရှိ သီးခြားတည်ဆောက်ထားသည့် နာရီစင်များတွင် တတိယ အမြင့်ဆုံး နာရီစင်ကြီး ဖြစ်ပါသည်။ အင်္ဂလန်နှင့် လန်ဒန်မြို့၏ အထိမ်းအမှတ် တစ်ခုအဖြစ် တည်ရှိနေယုံသာမက ဥရောပ၏ အကျော်ကြားဆုံး နေရာတစ်နေရာအဖြစ်လည်း သတ်မှတ်ထားကြပါသည်။ ယခုအခါ Big Ben နာရီစင်ကြီးကို Elizabeth ဘုရင်မကြီးအား ဂုဏ်ပြုသောအားဖြင့် Elizabeth Tower ဟု တရာဝင် အမည်ပေးထားပါသည်။ နာရီစင်ကြီးသည် နှစ်ကာလကြာမြင့်လာပြီးဖြစ်သဖြင့် အနည်းငယ် တိမ်းစောင်းလာနေကြောင်း သိရပါသည်။

Saturday, February 2, 2019

ပင်လယ်ထဲမှ ဆင်ကျွန်း

အိုက်စလန်နိုင်ငံ ကမ်းလွန်ပင်လယ်ပြင်အတွင်း သဘာဝအတိုင်း ဖြစ်တည်နေသော ကျောက်တောင်ကျွန်းတစ်ခုပါ။ ဆင်တစ်ကောင်ရဲ့ နှာမောင်း ၊ ဦးခေါင်း ၊ နားရွက် ကိုယ်ခန္ဓာ နဲ့ ခပ်ဆင်ဆင်တူနေပြီး အမှတ်တမဲ့ ကြည့်လိုက်ပါက ပင်လယ်ပြင်ထဲ လဲလျောင်းနေတဲ့ ဆင်ပုံစံ ဖြစ်တည်နေပါတယ်။

သူ့အလှ ကိုယ့်အလှ ယှဉ်ကာပြိုင် (၃)

Instagram ဓာတ်ပုံတင်သည့် ဆိုဒ်တွင် လူသိများ ကျော်ကြားလှသည့် Celebrity များ၏ပုံများကို အမျိုးသမီးတစ်ဦးမှ ပုံစံတူ ရိုက်ကူးထားပုံများပါ။
Celebrity များ၏ပုံများနှင့် လုံးဝတူညီအောင် ရိုက်ကူးထားခြင်းမျိုးမဟုတ်ဘဲ နီးစပ်ရာ နေရာ ၊ ရရာပစ္စည်းလေးများဖြင့် ဟာသသဘော ရိုက်ကူးထားခြင်းပါ။
ဒါကြောင့် တွေ့မြင်ရသူများ အနေဖြင့် ပြုံးရယ်ချင်စရာ ဖြစ်ပေါ်စေခဲ့ပြီး နာမည်ကြီးခဲ့သည့် ပုံများဖြစ်ပါသည်။ တကယ်ကို ဟာသမြောက်အောင် ဖန်တီးနိုင်ခဲ့သည့် အမျိုးသမီးပါ။ ယခင်ကလည်း သူ့ပုံများကို တင်ပေးဖူးပြီး အခု ကျန်နေသေးတဲ့ပုံများကို ဆက်တင်ပေးလိုက်ပါတယ်။
သူငယ်ချင်းတို့လည်း ကြည့်ပြီး တူ မတူ ပြောပေးခဲ့ပါအုံးဗျာ...

Thursday, January 31, 2019

မင်းသားကြီး Nicolas Cage အား ပြောင်းလဲကြည့်ခြင်း

ကမ္ဘာကျော် မင်းသားကြီး Nicolas Cage ကိုတော့ အားလုံးသိကြမှာပါ။ သူ့မူသူ့ဟန်နဲ့ နာမည်ကျော် မင်းသားကြီး တစ်လက်ဖြစ်ပေမယ့် အခြားကမ္ဘာကျော် ရုပ်ရှင်ဇာတ်ကောင် နေရာများမှာ အစားထိုးကြည့်ရင် ဘယ်လိုဖြစ်လာမလဲဆိုတာ တွေ့ရမှာပါ။ ဘယ်ဇာတ်ကောင်နဲ့ အလိုက်ဆုံးဖြစ်မလဲဆိုတာ ကြည့်လိုက်ရအောင်နော်...

Wednesday, January 30, 2019

ဆောက်လုပ်ရေး လောကမှ အလွဲများ (၁၅)

ကြံကြံဖန်ဖန်ဆောက်လုပ်ထားကြပုံလေးတွေကို ထပ်မံတင်ပေးလိုက်ပါတယ်။ ပြုံးပျော်ရွှင်လန်း နိုင်ကြပါစေ.....

ရထားက ခုန်တက်သွားရမှာလား...

တော်တော်လုံတဲ့ ခြံစည်းရိုး...

ထူးထူးခြားခြား တီထွင်မှုများ (၄)

ဒီတစ်ခါလည်း သူငယ်ချင်းတို့အတွက် နားလည်ရခက်တဲ့ တီထွင်ထုတ်လုပ် ရောင်းချသည့် ပစ္စည်းလေးများကို တင်ပြပေးထားပါတယ်။ တစ်ချို့ပစ္စည်းလေးများဟာ တကယ်ကို အသုံးဝင်နိုင်ပေမယ့် တစ်ချို့အရာများကတော့ လိုအပ်တာထက် နည်းနည်းပိုနေသလို ဖြစ်နေပါတယ်။ ရှာဖွေစုစည်းလို့ရသမျှ ပုံကလေးများကို စုစည်းတင်ပေးလိုက်ပါတယ်။
မိုးရွာထဲမှာ ဖုန်းအသုံးပြုချင်သူများအတွက် အသုံးဝင်ပါတယ်။ လူကတော့ စိုပေ့စေပေါ့...
 
အတို၊ အရှည် လိုသလို ပြောင်းလဲဝတ်ချင်သူများအတွက် အထူးဒီဇိုင်းပါ။

ကမ္ဘာ့ အကျဉ်းဆုံး လမ်း...

ဂရင်းနစ်မှတ်တမ်းဝင်ထားတဲ့ကမ္ဘာ့ အကျဉ်းဆုံးလမ်း ဟာ ဂျာမနီနိုင်ငံ Reutlingen မှာ တည်ရှိပါတယ်။ ၁၈ ရာစု ကတည်ရှိခဲ့တယ်ဆိုတဲ့ ဒီလမ်းလေးဟာအကျဉ်းဆုံးနေရာ အိမ်တစ်အိမ် နဲ့ တစ်အိမ် ကြား လမ်းအကျယ် ဟာ 31 cm (၁ ပေ)သာရှိပါတယ်။ အကျယ်ဆုံးနေရာကတော့ 50 cm ( ၁၉.၇ လက်မ ) ရှိပါတယ်။ လမ်းအမည်ကတော့ Spreuerhofstraße လို့ခေါ်ကြပါတယ်။ မြို့ရဲ့ တရားဝင် လမ်းသွယ်တစ်ခုအနေနဲ့ သတ်မှတ်ထားပေမယ့် တကယ့်တော့ အိမ်နှစ်အိမ်ကြား ကွက်လပ်လေးလောက်ပဲ ရှိနေတာပါ။ ကမ္ဘာ့အကျဉ်းဆုံး လမ်းအဖြစ် ၂၀၀၆ ခုနှစ်တွင် ဂင်းနစ်မှတ်တမ်း၌ ဖော်ပြခံခဲ့ရပါတယ်။
6/12 မှပိုစ့်အား ပြန်လည်ပြင်ဆင် တင်ပြပေးပါသည်။

Related Posts Plugin for WordPress, Blogger...