Saturday, October 12, 2019

မြန်မာပြည်တွင်း တွေ့တွေ့သမျှ...( ၂၉ )

Facebook ပေါ်တွင်တွေ့သမျှနှင့် သူငယ်ချင်းများပို့ပေးထားသော ပုံများကို စုစည်းတင်ပေးလိုက်ပါတယ်။ ပျော်ရွှင်ကြည့်နူးနိုင်ကြပါစေဗျာ...

ကူညီကြပါအုံးခင်ဗျ...

တီးရင်တီး ။ မတီးရင် အော်တော့...

Friday, October 11, 2019

ကန္တာရအလယ်မှ လခြမ်းပုံရေကန်ရဲ့ ထူးခြားမှု

သဲကန္တာရအတွင်း၌ စိမ်းစိုသာယာလှတဲ့ အိုအေစစ်လေးများကို တွေ့မြင်ဖူးကြမှာပါ။ ယခုအိုအေစစ်လေးကတော့ လခြမ်းပုံပေါ်နေတဲ့ ရေကန်လေးရဲ့ အလှအပနဲ့ ရှေးဟောင်း ဘုရားကျောင်းဆောင်များကြောင့် ကမ္ဘာကျော်နေရာတစ်နေရာအဖြစ် တည်ရှိနေပါတယ်။ ထိုလခြမ်းပုံရေကန်ဟာ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း၊ Gansu ပြည်နယ်ရှိ Dunhuang မြို့မှ ၆ကီလိုမီတာ အကွာ ၊ Echoing-Sand သဲသောင်တန်းကြီးရဲ့ တစ်ဖက်မှာ သဘာဝအတိုင်း ဖြစ်ပေါ်နေခြင်းပါ။
လခြမ်းပုံရေကန်ဟာ သဘာဝ သဲတောင်ခုံ ၊ တောင်တန်းများရဲ့ အလယ် အနိမ့်ပိုင်းမှာ တည်ရှိနေတာပါ။ လွန်ခဲ့သော နှစ် ၂၀၀၀ လောက်ကတည်းက တည်ရှိနေခဲ့တဲ့ ရှေးဟောင်းရေကန် ဖြစ်ပါတယ်။ Qing မင်းဆက်ခေတ်မှာ ထိုရေကန်ကို Yueyaquan ဟု အမည်ပေးခဲ့ကြပါတယ်။ ထိုရေကန်မှရေများသည် တစ်နှစ်ပတ်လုံး ခန်းခြောက်ခြင်း မရှိဘဲ အမြဲစိမ်းစိုနေပါတယ်။
လခြမ်းပုံရေကန်ဟာ အရှေ့မှ အနောက်သို့ ၂၁၈ မီတာ ရှည်လျားပြီး အနံ ၅၄မီတာ ကျယ်ဝန်းပါတယ်။ တစ်နှစ်လုံး ရေမခန်းဘဲ အမြဲစိမ်းစိုနေတယ် ဆိုပေမယ့် ယခုနောက်ပိုင်း ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရေကန်ကြီးရဲ့ တည်ရှိမှုဟာလည်း ပြောင်းလဲလာခဲ့ရပါတယ်။ ၁၉၆၀ ခုနှစ်တွင် ရေကန်ရဲ့ ပျှမ်းမျှ အနက်ဟာ ၄ မီတာ မှ ၅ မီတာခန့် ရှိပြီး အနက်ဆုံးနေရာမှာ ၇.၅ မီတာ (၂၅ ပေ) လောက် ရှိခဲ့ပါတယ်။ ဒါပေမယ့် ၁၉၉၀ ခုနှစ်မှာတော့ ပျမ်းမျှအနက် ၀.၉ မီတာနဲ့ အနက်ဆုံးနေရာမှာတော့ ၁.၃ မီတာလောက်သာ ကျန်ရှိပါတော့တယ်။ နှစ် ၃၀ အတွင်း ရေအနက် သိသိသာသာ ကျဆင်းမှု ဖြစ်ပေါ်ခဲ့ရပါတယ်။ ယခုအကျယ်အ၀န်းအားဖြင့် ၁.၃၇ ဧက (0.55 ha) ရှိပါတယ်။

Thursday, October 10, 2019

ပင်လယ်ပြင်အတွင်းမှ အပြာရောင်တွင်းပေါက်ကြီး

၂၀၁၂ ခုနှစ်တွင် ကမ္ဘာကျော် Discovery ရုပ်သံလိုင်းမှ ကမ္ဘာ့အံ့ဖွယ် ထူးဆန်းလွန်းသော နေရာ (၁၀) နေရာတွင် တစ်ခုအပါအ၀င်အဖြစ် သတ်မှတ်ခံရတဲ့ တွင်းပေါက်ကြီးပါ။ အပေါ်စီးမှကြည့်ရင် ပင်လယ်ပြင်အတွင်း ကြီးမားကျယ်ဝန်းလှတဲ့ အ၀ိုင်းပုံစံ တွင်းပေါက်ကြီးတစ်ခုကို ထင်ရှားစွာ တွေ့မြင်ရမှာပါ။

ထိုအပြာရောင်တွင်းပေါက်ကြီးကတော့ ဘီလီဇီး ပင်လယ်ပြင်အတွင်း သန္တာကျောက်တန်းများ ၀န်းရံပြီး တည်ရှိနေပါတယ်။ ရှည်လျားလှတဲ့ သန္တကျောက်တန်းများအလယ်လောက်မှာ စက်ဝိုင်းပုံစံ သဘာဝအတိုင်း တည်ရှိနေတာပါ။

ထိုတွင်းပေါက်ကြီးဟာ ဘီလီဇီးမြို့တော်ကုန်းမကြီးရဲ့ ပင်လယ်ကမ်းရိုးတန်းမှ 70 km (43 မိုင်) အကွာတွင် ရှိနေပါတယ်။ တိုင်းတာချက်များအရ ကန့်လန့်ဖြတ်အကျယ် 300 m (984 ပေ) နဲ့ 124 m (407 ပေ) အထိ ရေအောက်နက်ပါတယ်။

Monday, October 7, 2019

အမှတ်တမဲ့ အလွဲများ ( ၁၀၃ )

ဒါကတော့ နောက်ထပ်တွေ့ရသမျှ အလွဲတွေ ဖြစ်ပါတယ်။ သူငယ်ချင်းတို့ ကြည့်ရှု့ပြီး ပြုံးပျော်ရွှင်လန်းနိုင်ကြပါစေဗျာ...

ဂိုးသွင်းရဲတဲ့သူ သွင်းစမ်း...

ဆရာကျတဲ့ ရိုက်ချက်

Monday, September 30, 2019

အသက်ဝင်လှပသော 3D ပန်းချီများ (၁၂)

ယခုတွေ့မြင်ရတဲ့ 3D ပန်းချီပုံလေးများကတော့ အနုပညာရှင် Elif Nihan Sahin ရဲ့လက်ရာများ ဖြစ်ပါတယ်။

ထူးခြားလှပသော ကော်ဖီပန်းချီပုံလေးများ (၆)

ကော်ဖီရည် များကို ပန်းချီဆေးအဖြစ် အသုံးပြုဖန်တီးထားခြင်း ဖြစ်ပါတယ်။ Giulia Bernardelli ၏ အနုစိတ် လက်ရာမြောက် ဖန်တီးထားမှုများပါ။

Friday, September 27, 2019

ထူးခြားလှပ Body Art ပန်းချီများ (၁၃)

ဒီတစ်ခါတင်ပြပေးမယ့် Body Art တစ်မျိုးကလည်း တစ်မျိုးဆန်းသစ်နေပါတယ်။ Body Art အနုပညာရှင် Gesine Marwedel ရဲ့လူ့ခန္ဓာကိုယ်ပေါ် လက်ရာမြောက် ရေးဆွဲထားမှုများ ဖြစ်ပါတယ်။

Related Posts Plugin for WordPress, Blogger...