တရုတ်နိုင်ငံ အရှေ့တောင်ဘက် ဖူကျန်းခရိုင်၏မြို့တော် ဖူဇိုတွင် ကမ္ဘာ့ပထမဦးဆုံး နိုင်ငံတကာရွှေငါးပြိုင်ပွဲ စတင်ကျင်းပရန် စီစဉ်လျက်ရှိသည်။ ထိုပြိုင်ပွဲကြီးသို့ ကမ္ဘာအရပ်ရပ်မှ ရွှေငါးအလှမွေးသူများ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ရွှေငါး၃၀၀၀ကျော် ပါဝင်မည်ဖြစ်ကာ ပြိုင်ပွဲကဏ္ဍ၁၂ခု ဖွင့်လှစ်ယှဉ်ပြိုင်စေမည်ဖြစ်သည်။ ၎င်းတို့ထဲမှ အရှည်ဆုံးရွှေငါး ပြိုင်ပွဲကဏ္ဍတွင် ၁၄ဒသမ၂လက်မ အလျား၃ဒသမ၃ပေါင် ရှိသောSulfurရွှေငါးမှာ အကြီးဆုံးရွှေငါးဆုရရန် ရေပန်းစားလျက်ရှိသည်။ပြိုင်ပွဲဝင်ရွှေငါးများကို သင့်လျော်သည့် အပူချိန်နှင့် ရေသန့်စင်မှုနှုန်း PHLevelတို့ကို ချိန်ညှိပေးထားမည့် ဇလုံများထဲတွင် တန်းစီထည့်ကာ အကဲဖြတ်ဒိုင်များက လှည့်လည်စိစစ် ရွေးချယ်သွားမည်ဖြစ်သည်။
ref: ပြည်မြန်မာ
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။