နံရံကိုအလှဆင်ထားတဲ့ နေရာမှာတော့ ကမ္ဘာ့အထူးဆန်းဆုံး နေရာတစ်ခုလို့ ဆိုရပါမယ်။ အီတလီနိုင်ငံ မီလန်ဒေသအနီး ရော်ဇာနိုးမြို့အနီးက ဈေးဝယ်စင်တာကြီးတစ်ခုရဲ့ နံရံကြီးပေါ်မှာ ဆန်းပြားတဲ့စိတ်ကူးတွေနဲ့ သူမတူအောင် ကြိုးစားဖန်တီးထားတာကတော့ ကမ္ဘာ့အကြီးဆုံးနံရံပေါ်က ပန်းဥယျာဉ်လို့ ခေါ်ဆိုလိုက်တဲ့ ဖီရော်ဒါလီဆို စီးပွားရေးအဆောက်အအုံကြီးရဲ့ နံရံပေါ်မှာ စိုက်ပျိုးထားတဲ့ ပန်းဥယျာဉ်ကြီးပဲဖြစ်ပါတယ်။ အကျယ်စတုရန်းပေ ၄၄၅၇၀ခန့်ရှိတဲ့ ထိုပန်းဥယျာဉ်ကို စက်တင်ဘာ၁၇ရက်နေ့က ကမ္ဘာ့အကြီးဆုံးနံရံပေါ်က ဥယျာဉ်ကြီးအဖြစ် ဂင်းနက်စ်မှတ်တမ်းဝင်ဖြစ်ခဲ့ပါတယ်။ထိုဥယျာဉ်ကြီးထဲမှာတော့ သစ်ပင်ပေါင်း ၄၄,၀၀၀ပကျော်နဲ့ ပန်းမန်ပေါင်း ၂၀၀ကျော်ကို ဥယျာဉ်မှူးတွေက ပိုးမွေးသလို တယုတယ ဂရုတစိုက် စိုက်ပျိုးထားကြတယ်လို့ သိရပါတယ်။
ref: ပြည်မြန်မာ
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။