ဂျာမနီနိုင်ငံမြူးနစ်မြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ကမ္ဘာ့အကြီးဆုံး ဘီယာသောက်ပွဲကြီးကို စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း မြူးနစ်မြို့တော်ဝန်က စက်တင်ဘာ၂၂ရက်နေ့က ကြေညာလိုက်သည်။ မနှစ်ကအဆိုပါ ပွဲတော်ရက်အတွင်း ဘီယာဂါလန်ပေါင်း ၁ဒသမ၉သန်း ရောင်းချခဲ့ရကြောင်း သိရသည်။လာမည့် စက်တင်ဘာ နောက်ဆုံးပတ်အတွင်း မြူးနစ်မြို့တော်၌ ဘီယာချောင်းစီးတော့မည် ဖြစ်ကြောင်း မြို့တော်ဝန်က ပြောကြားလိုက်သည်။ ထိုပွဲတော်ကို ယခင်နှစ်များထက် ပိုမိုစည်ကားမည်ဟု ခန့်မှန်းထားကြောင်းနှင့် ကမ္ဘာလှည့်ခရီးသည် သန်းပေါင်းများစွာကို စွဲဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း အဆိုပါမြို့တော်ဝန်ကဆိုသည်။ ထိုဘီယာသောက်ပွဲကို ၁၈၁၀ခုနှစ်က အိမ်ရှေ့မင်းသား လူးဒ၀စ်နှင့် ဘုရင့်သမီးတော် သီရီဆီတို့၏ လက်ထပ်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာမှ စတင်ခဲ့ခြင်းဖြစ်သည် ဟုသိရသည်။ ထိုပွဲတော်က လူပေါင်း၁၂,၀၀၀ကျော်ကို ယာယီအလုပ်အကိုင် ပေးနိုင်မည်ဟုလည်း သိရသည်။
ref: ပြည်မြန်မာ
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။