ရုရှနိုင်ငံ ၊ Caucasus တောင်တန်းများအနီးရှိ ရေပြာကန်ကြီးကို ထုံးကျောက်ရေကန်ကြီးများတွင် အနက်ဆုံးရေကန်ကြီးအဖြစ် သတ်မှတ်ထားကြပါသည်။ ထိုရေပြာကန်ကြီးသည် အလွန်ကြည်လင်သန့်ရှင်းပြီး စိမ်းပြာရောင်ရှိနေပြီး Karsk ရေကန်ဟု အမည်ရပါသည်။

ထိုရေပြာကန်ကြီးသည် အရှည် (၇၇၀ ပေ) ရှိပြီး အကျယ်အားဖြင့် (မီတာ ၄၀၀) အထိရှိပါသည်။ ရေကန်ကြီး၏ အနက်သည် (ပေ ၈၀၀) ရှိပြီး ထုံးကျောက် ရေပြာကန်ကြီးများတွင် ကမ္ဘာ့အနက်ဆုံးအဖြစ် သတ်မှတ်ထားကြပါသည်။ ထိုရေကန်ကြီး၏ အောက်တွင် ထုံးကျောက်များဖြင့် ဖွဲ့စည်းထားသော ရေအောက်လှိုဏ်ဂူလည်း တည်ရှိနေပြီး ကမ္ဘာ့အနက်ဆုံး ရေအောက်လှိုဏ်ဂူကြီး အဖြစ် သတ်မှတ်ထားကြပါသည်။

ထိုရေပြာကန်ကြီးအောက်မှ ပုံရိပ်များကို National Geographic မှ ဓာတ်ပုံဆရာ Victor Lyagushkin မှ စွန့်စားရိုက်ကူးပေးမှုများကြောင့် ရေအောက်သဘာဝအလှများကို အံ့သြဖွယ် တွေ့မြင်ခွင့် ရခဲ့ကြပါသည်။ Victor Lyagushkin သည် ရေအောက်ဓာတ်မီးယူဆောင် ရိုက်ကူးပြခဲ့သဖြင့် ရေအောက်လှိုဏ်ဂူကွန်ယက် ဖွဲ့စည်းပုံများ နှင့်အတူ အစိမ်းရောင် ရေညှိပင်ကြီးများ ၊ ကျောက်ဆောင်ကြီးများကို တွေ့မြင်ခဲ့ကြရပါသည်။
Sep 29, 2012 မှ ပိုစ့်အား ပြန်လည်ပြင်ဆင် တင်ပြထားပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။