''ပြင်သစ်ပင့်ကူလူသား'' ဟုအမည်တွင်နေသော ပြင်သစ်နိုင်ငံသား အလန်ရောဘတ်ဆိုသူသည် စက်တင်ဘာ၂၂ရက်နေ့က တရုတ်နိုင်ငံ ဟာနန်ပြည်နယ်မှ ၁၂၈၀ပေအမြင့်ရှိ စင်ထရယ်ပလိန်း ဖော်တာလီဇာတာဝါပေါ်သို့ တက်ပြကာ ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံတက်နိုင်သူ တစ်ဦးဖြစ်လာခဲ့သည်။ အသက်၅၀ကျော် အရွယ်ရှိသော အလန်ရောဘတ်သည် ထိုသို့မြင့်မားမတ်စောက်သော တရုတ်နိုင်ငံ၏ စင်ထရယ်ဖော်တာလီဇာ တာဝါပေါ်ကို ခက်ခက်ခဲခဲနှင့် တက်ခဲ့ရကြောင်း သိရှိရသည်။
ရောဘတ်သည် ချီကာဂိုဆီးယားတာဝါနှင့် တရုတ်(တိုင်ပေ)မှ တိုင်ပီ-၁၀၁ တာဝါအပါအ၀င် ကမ္ဘာပေါ်ရှိ အမြင့်ဆုံးအဆောက်အအုံပေါင်း ၁၀၀ကျော်ကို တက်နိုင်ခဲ့သည်။ အလန်သည် အဆောက်အအုံမြင့်ပေါ်သို့ တက်ရောက်ခြင်းကို ၁၂နှစ်သားအရွယ်တွင် ၎င်းနေထိုင်ရာ ရှစ်ထပ်အဆောက်အအုံ ခေါင်မိုးပေါ်သို့ ပထမဦးဆုံးအကြိမ်အဖြစ် စတင်တက်ရောက်ပြခဲ့သည်။ သို့ရာတွင် ရောဘတ်သည် ၂၀၁၀ပြည့်နှစ်က သြစတြီးယားနိုင်ငံ ဆစ်ဒနီမြို့လယ်ခေါင်မှ ရွိုင်ယယ်ဘန်ကို တက်ရောက်ခဲ့မှုအတွက် သြစတြေးလျအစိုးရက ၎င်းအား ဒဏ်ငွေပေါင်၄၈၀ ပေးဆောင်စေခဲ့သည်။ ယခုတစ်ကြိမ်တွင်မူ တရုတ်အာဏာပိုင်များက ရောဘတ်အားတရားဝင် တက်ရောက်ခွင့်ပြုခဲ့ကြောင်း သိရှိရသည်။
ref: ပြည်မြန်မာ
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။