သူတို့ နိုင်ငံတွေမှာ တစ်ကိုယ်လုံးတက်တူးထိုးကြတာဝါသနာ
တော်တော်ပါကြတယ်ဗျ။အခုလဲ မက်ဆီကိုအမျိုးသမီးတစ်ယောက်က
သွးစုတ်ဖုတ်ကောင်လို ခန္ဓာကိုယ် တစ်ခုလုံး တက်တူးတွေထိုးထားယုံ
သာမက အပေါက်တွေဖောက်လို့ ခွဲစိတ်ပြီး တိုက်တေနီယမ် ဂြိုလ်တွေ
အဆင်တန်ဆာတွေကိုဦးခေါင်း မှာထည့်ထားပါသေးတယ်။
ဒီအမျိုးသမီးဟာ မက်ဆီကိုနိုင်ငံမှ Maria Jose Cristerna aka ဖြစ်ပါတယ်။
သူမဟာဒီမတိုင်ခင်က ရှေ့ နေချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
သူမက ဒီလိုလုပ်ရတာဟာ သွေးစုတ်ကောင်တွေရဲ့ ရက်စက်မှု အစစ်အမှန်ကို စူးစမ်းရှာဖွေခြင်း အား အဆုံး သတ်ရောက်စေချင်လို့ ဖြစ်တယ် လို့ Huffington
ပို့စ်ရဲ့ David Moye ကိုပြောဆိုခဲ့ပါတယ် ။ “ သွေးစုတ်ကောင် တစ်ကောင်အနေနဲ့
အစွမ်းကုန် ရက်စက် ကြမ်းကြုတ်ဖို့ကို ကျွန်မအမြဲအိပ်မက်မက်နေခဲ့တာပါ ကျွန်မ က သွေးစုတ်ကောင်ဇတ်လမ်းတွေပါဝင်တဲ့ ကာတွန်းတွေကိုလည်းကြိုက်တယ်
ငယ်ငယ်လေး ကတည်း ကဒါကို ရူးသွပ်ခဲ့တာပါ အခုတော့အိပ်မက်တွေတကယ်
ဖြစ်လာပါပြီ ” လို့ပြောခဲ့ပါတယ် ။
ကဲသူ့ လိုလိုက်ပြီးတော့ လုပ်ချင်ကြသေးလားဗျာ..............နေခရမ်း
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။