အိန္ဒိယနိုင်ငံ ပန်ဂျပ်ဇာတိများဖြစ်ကြပြီး ယခုအခါ အင်္ဂလန်နိုင်ငံ ဘရက်ဖို့အရပ်တွင် အခြေချနေထိုင်လျက်ရှိသော အိန္ဒိယလူမျိုး အသက် ၁၀၇နှစ်အရွယ်ရှိကရမ်နှင့် သူ၏ဇနီးသည် အသက် ၁၀၀နှစ်ရှိပြီဖြစ်သည့် ကာတာရီတို့သည် ပြီးခဲ့သည့်အပတ်က အိမ်ထောင်သက် ၆၇နှစ်ပြည့် အထိမ်းအမှတ်မင်္ဂလာပွဲ ပြုလုပ်ခဲ့ကာ၎င်းမှာ ကမ္ဘာ့သက်တမ်းအကြာရှည်ဆုံး အိမ်ထောင်သက်အဖြစ် လက်ရှိဂင်းနက်စ် စံချိန်ကို ချိုးနိုင်ခဲ့သည်။ ထို့ပြင်ယခုအခါ သားသမီးရှစ်ဦးနှင့် မြေး၂၈ဦးရှိသော ကရမ်တို့စုံတွဲမှာ ကမ္ဘာ့အသက်အကြီးဆုံး မင်္ဂလာစုံတွဲလည်း ကမ္ဘာ့အိမ်ထောင်သက်တမ်း အကြာမြင့်ဆုံးစုံတွဲဖြစ်လာဖွယ်ရှိသည်။ ကရမ်က သူတို့အိမ်ထောင်ရေးနှင့် ပတ်သက်၍ နှစ်ယောက်အကြားတွင် လှို့ဝှက်ချက်လုံးဝမထားဘဲ တစ်ဦးနှင့်တစ်ဦး နားလည်မှုပေးနိုင်သည့်အတွက် ယခုကဲ့သို့ကာလကြာမြင့်စွာ ပျော်ရွှင်သည့် အိမ်ထောင်ရေးဖြစ်ခဲ့ကြောင်းနှင့် နောက်ထပ်နှစ်၈၀ခန့် ဇနီးသည်နှင့်အတူနေ ထိုင်သွားလိုကြောင်း ဒေသတွင်းသတင်း ၀က်ဘ်ဆိုက်ဖြစ်သော Zoosk.co.ukကို ပြောဆိုခဲ့ပြီး ထိုသတင်းဝက်ဘ်ဆိုက်မှ ချီးမြှင့်ခဲ့သော ကမ္ဘာ့အိမ်ထောင်သက် အကြာမြင့်ဆုံး အသိအမှတ်ပြုလက်မှတ်ကို လက်ခံရရှိခဲ့သည်။
ref: ပြည်မြန်မာ
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။