ကျွန်ုပ်တို့နေစကြ၀ဋ္ဌာ အတွင်းရှိ နေ၏မျက်နှာပြင်(ဒေသအမှတ် AR၁၁၅၉၈ဆုံမှတ်)တွင် အောက်တိုဘာ၂၃ရက်က စူးရှတောက်ပသော အလင်းရောင်များပေါ်ထွက်ခဲ့ကြောင်း နာဆာအာကာသသိပ္ပံစခန်း အဖွဲ့ခွဲတစ်ခုဖြစ်သော ''နေအဖွဲ့အစည်း ပြောင်းလဲမှုဖြစ်စဉ်များ စောင့်ကြည့်လေ့လာရေးအဖွဲ့ SDO၏ ထုတ်ပြန်ကြေညာချက်များ အရသိရသည်။ နေမျက်နှာပြင်ပေါ်တွင် ယင်းသို့တောက်ပသော အလင်းရောင်များ ယခုသီတင်းပတ်အတွင်း သုံးကြိမ်ခန့်ဖြစ်ပွားခဲ့ရာ နောက်ဆုံးဖြစ်ပွားခဲ့သည့် အလင်းရောင်တန်းသည် အပြင်းထန်ဆုံးဖြစ်ပြီး ယင်းသို့ဖြစ်ပွားရခြင်းမှာ နေ၏မျက်နှာပြင်ပေါ်တွင် သံလိုက်စက်ကွင်းများ ပြင်းထန်စွာလျော့ကျလာခဲ့ရာမှ မီးမုန်တိုင်းများ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း သိရသည်။ နေမျက်နှာပြင်ပေါ်ရှိ ဖြစ်ပွားလျက်ရှိသော ထိုမီးမုန်တိုင်း၏ပမာဏကို တိုင်းတာခဲ့ရာX၁.၈ အဆင့်ရှိပြီး တစ်ချိန်ချိန်တွင် ယင်းမီမုန်တိုင်းဖြစ်ပေါ်မှု၏ အကျိုးဆက်သည် ကမ္ဘာမြေပေါ်သို့ သက်ရောက်လာဖွယ်ရှိကြောင်း နာဆာအဖွဲ့၏ အာကာသတွင်း ရာသီဥတုလေ့လာ စောင့်ကြည့်ရေးအဖွဲ့ SWPCက ခန့်မှန်းပြောကြားခဲ့သည်။
ref: ပြည်မြန်မာ
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။