သြစတြေးလျနိုင်ငံတွင် GoRideaWave လှိုင်းစီးအဖွဲ့က ၎င်းတို့၏ ငွေရတုအခမ်းအနားတွင် လူအများဆုံး လှိုင်းစီးပြီး ဂင်းနက်စ်ကမ္ဘာ့မှတ်တမ်းတွင် စံချိန်တင်ခဲ့ကြသည်။ ယင်းအဖွဲ့မှ လူ၁၂၀က တစ်ပြိုင်နက်တည်းမှာ လှိုင်းအတူ စီးပြနိုင်ခဲ့သောကြောင့် ကမ္ဘာ့မှတ်တမ်းတွင် စံချိန်တင်ခဲ့သည်။ကမ္ဘာ့မှတ်တမ်းတွင် ယင်းသို့ စံချိန်တင်ရန် ချမှတ်ထားသော စည်းကမ်းများမှာ လှိုင်းစီးသူများအားလုံးက တစ်ချိန်တည်း တစ်ပြိုင်နက်တည်းမှာ လှိုင်းလုံးတစ်လုံးတည်းကို အနည်းဆုံး ငါးစက္ကန့်ကြာ အတူစီးပြရမည် ဟူ၍ပင်ဖြစ်သည်။ ယင်းသို့ ကမ္ဘာ့စံချိန်တင်အောင် လှိုင်းစီးနိုင်ခဲ့သည့် လှိျု့ဝှက်ချက်မှာ လှိုင်းစီးသူများ အားလုံးက တစ်ချိန်တည်းမှာ တညီတညွတ်တည်း လက်တွဲလုပ်ဆောင်နိုင်ခဲ့၍ ဖြစ်သည်ဟု ယင်းအဖွဲ့က ရှင်းပြသည်။
ref: ပြည်မြန်မာ
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။