ကျင်ငယ်စွန့်သည့် ခွက်အပေါ်တွင် LED Screen တစ်ခုရှိပြီး ယင်း၌ ရွေးချယ်စရာ ဂိမ်းသုံးခုရှိသည်။ အဆိုပါ Screen တွင် အမှတ်အများဆုံး ရရှိသူကိုလည်း မှတ်တမ်းတင်ထားပေးသည်။ ယင်းကို နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့ရှိ ရှီဖောလေဆိပ် အမျိုးသားအိမ်သာထဲတွင် တပ်ဆင်ပေးထားသည်။ ယင်းသို့တပ်ဆင် ပေးထားရခြင်းမှာ ကျင်ငယ်စွန့်သည့်အခါ ကျင်ငယ်ရည်များကို ခွက်အတွင်းရှိ တိကျသောနေရာများသို့ ကျရောက်အောင် စွန့်စေရန်အတွက် ဖြစ်ပြီးယင်းကြောင့် သန့်ရှင်းရေးလုပ်သူများ အနေဖြင့် ကြမ်းပြင်ပေါ်သို့ ဖိတ်စဉ်ကျရောက်မည့် ကျင်ငယ်ရည်များကို သန့်ရှင်းရ သက်သာသွား စေလိမ့်မည်ဟုဆိုသည်။
ယင်းကို ဗြိတိသျှကုမ္မဏီ တစ်ခုက တီထွင်ခဲ့ပြီး တောင်စောင်းမှနေ၍ လှိမ့်ဆင်းလာသော လှေကလေးအား ကျင်ငယ်ရည် ဘယ်ရွှေ့ညာရွှေ့လုပ်ကာ ထိန်းချုပ်နိုင် လိမ့်မည်ဟုဆိုသည်။ ၎င်းအပြင် ပဟေဠိ ကစားနည်းကို ရွေးချယ်ပါက ကျင်ငယ်ရည်ဖြင့် အဖြေကို နှိပ်နိုင်လိမ့်မည်ဟုဆိုသည်။ အဆိုပါစနစ်ကို တီထွင်ရန် လေးနှစ်အချိန်ယူခဲ့ ရသည်ဟုဆိုသည်။ ကျင်ငယ်ရည်ခွက်ထဲတွင် အာရုံခံ ကိရိယာများပါဝင်ပြီး ကျင်ငယ်ရည်လှုပ်ရှား မှုဖြင့်ဂိမ်းကို ထိန်းချုပ်နိုင်လိမ့်မည် ဟုဆိုသည်။
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။