Appleကုမ္ပဏီက ၉၄နှစ်ရှိပြီဖြစ်သည့် ကမ္ဘာ့အသက်အကြီးဆုံး iPadသုံးစွဲသူကို ကြေညာလိုက်ချိန်မှာ Facebookကလည်း အားကျမခံသည့်အနေဖြင့် အသက် ၁၀၅နှစ်ရှိပြီဖြစ်သည့် Facebookသုံးစွဲသူရှိကြောင်း အထောက်အထားများနှင့် ပြသခဲ့သည်။မာရီယာဆိုသည့် သက်တော်ရာကျော်ရှိပြီဖြစ်သည့် အဘွားအိုကို ၁၉၀၇ခုနှစ်က မွေးဖွားခဲ့သည်။ ယင်းအဘွားအိုခေတ်တုန်းက အင်တာနက်၊ ကွန်ပျူတာ၊ ရုပ်မြင်သံကြားစက်နှင့်ဖုန်းများ မရှိသေးသော်လည်း အသက်၁၀၅ နှစ်ပြည့်ချိန်မှာတော့ ယင်းအဘွားအိုက Facebookကို iPadပေါ်မှာ သုံးစွဲနေပြီဖြစ်သည်။ ယင်းအဘွားအို၏ Facebook စာမျက်နှာပေါ်တွင်လည်း အဘွားအိုကို သက်တော်ရာကျော်ရှည်စေကြောင်း ဆုမွန်ကောင်း တောင်းပေးကြသည့် သူများနှင့် ပြည့်နှက်နေသည်။
ref: ပြည်မြန်မာ
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။