နေရောင်ခြည်စွမ်းအင်များကို လျှပ်စစ်စွမ်းအားအဖြစ် ပြောင်းလဲသွားစေမည့် ဆိုလာဆဲလ် ၁၂၀၀၀ကို တောင်ပံများတွင် တပ်ဆင်ထားသည့် နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်မှာ ဆွစ်ဇာလန်နိုင်ငံတွင် စတင်ပျံသန်းနေပြီဖြစ်သည်။နေရောင်ခြည်စွမ်းအင်သုံးပြီး အဝေးဆုံးခရီးကို လေယာဉ်ဖြင့်ပျံသန်းနိုင်သည့် ကမ္ဘာ့မှတ်တမ်းစံချိန်ကို ဆွတ်ခူးသွားသော SolarImpulse အဖွဲ့အနေဖြင့် ယခုအခါ ၎င်းတို့လေယာဉ်ဖြင့် ကမ္ဘာပတ်ရန်ပင် စီစဉ်နေပြီဖြစ်သည်။
လောင်စာထည့်ရန် မည်သည့်နေရာတွင်မှာမှ ရပ်နားခြင်းမပြုဘဲ ရက်ပေါင်း၂၀ကြာ ခရီးနှင်နိုင်ရန်ဘဲ ယင်းလေယာဉ်ကို စီစဉ်ထားသည်။ အမြင့်ပေ ၃၉၀၀၀အထက်မှာ ၀ဲပျံနိုင်သည့် အဆိုပါလေယာဉ်သည် ယခင်ကလည်း ဆွစ်ဇာလန်မှ ဥရောပကို ဖြတ်သန်းပြီး မြောက်အမေရိကထိ မိုင်ပေါင်း ၁၁၅၀ကျော် အကွာအဝေးကို ခရီးနှင်နိုင်ခဲ့ပြီဖြစ်သည်။ အလျား၇၁ဒသမ၇ပေ ရှည်ပြီး၂၁ပေမြင့်သည့် ယင်းလေယာဉ်၏ အလေးချိန်မှာ ၁ဒသမ၆တန်မျှရှိသည်။ယင်းလေယာဉ်သည် စထွက်ချိန်တွင် တစ်နာရီလျှင် ၂၂မိုင်ပျံသန်းနိုင်ပြီး အရှိန်တက်လာလျှင် တစ်နာရီလျှင် ၇၅မိုင်အထိ အမြင့်ပေ ၃၉၀၀၀အထက်မှာ ပျံသန်းနိုင်သည်။
ref: ပြည်မြန်မာ
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။