အမေရိကန်ပြည်ထောင်စု အီတလီလူမျိုး ဓာတ်ပုံဆရာ အသက်၃၆နှစ်အရွယ်ရှိ ယိုဆီလိုလှိုင်းသည် အများနှင့်မတူ တမူထူးခြားစွာ အ၀လွန်နေသော အမျိုးသမီးများအား ကိုယ်ဟန်ပြမယ်အဖြစ် အသုံးပြုကာ သူ၏၀ါသနာအတိုင်း ဓာတ်ပုံများရိုက်ယူ၍ ပြခန်းတစ်ခု ဖွင့်လှစ်သွားရန် စီစဉ်လျက်ရှိသည်။ အဆိုပါ ဓာတ်ပုံဆရာက ၀နေသော အမျိုးသမီးများ၏ အလှကိုပေါ်လွင်ရန်နှင့် အများပြည်သူတို့မှ အသစ်အဆန်း တစ်ရပ်အနေဖြင့် ကြည့်ရှုရန် ထိုကဲ့သို့ဓာတ်ပုံများ စုဆောင်းရိုက်ကူးခြင်း ဖြစ်သည်ဟုဆိုသည်။
အဆိုပါအမျိုးသမီးများ၏ အလေးချိန်မှာ အနည်းးဆုံး ကိုယ်အလေးချိန် ပေါင်၄၂၀ရှိ၍ အခိျု့မော်ဒယ်လ်များမှာ ကိုယ်အလေးချိန်ပေါင် ၅၆၀အထိရှိကြသည်။ ဓာတ်ပုံဆရာယိုဆီသည် ထိုသို့ မော်ဒယ်များ ရရှိရန်အတွက် ၂၀၀၆ခုနှစ်ကတည်းက စတင်၍ရှာဖွေ စုဆောင်းနေခဲ့သည်။ဝတဲ့သူမှာလည်း ဆွဲဆောင်နိုင်တဲ့ အလှတွေ ကိန်းအောင်းနေတယ်လို့ ကျွန်တော်ယုံကြည်ပါတယ် ဟုဓာတ်ပုံဆရာ ယိုဆီကပြောဆိုခဲ့သည်။
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။