ကမ္ဘာမြေဆွဲအားကို အသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်ယူထားသည့် မီးအိမ်တစ်မျိုးကို ဗြိတိန်ကုမ္ပဏီတစ်ခုက စတင်တီထွင်လိုက်ပါပြီ။ အဆိုပါမီးအိမ်ပေါင်း ၁၀၀၀ခန့်ကို အိန္ဒိယနှင့် အာဖရိကတို့ကဲ့သို့ လျှပ်စစ်ဓာတ်အား အရေးပေါ် လိုအပ်နေသည့် ဒေသများသို့ အခမဲ့ဝေငှ ပေးသွားမည်သို့ ဟုသိရသည်။
Gravity Lightဟု အမည်ပေးထားသည့် အဆိုပါ မီးအိမ်များနှင့်သာဆိုလျှင် ကမ္ဘာ့လူဦးရေ သန်း၁၅၀၀ အတွက် အမှောင်ကိုခွင်းပြီး အလင်းကို ဆောင်ပေးနိုင်မည်ဖြစ်သည်။ အဆိုပါမီးအိမ်များကို အသုံးပြုပုံမှာ သဲအိတ်များကို ကြိုးဖြင့်ဆွဲထားပြီး ယင်းကြိုးဆွဲအားကို အသုံးပြုလျက် မီးအားမြှင့် စက်လေးမှ တစ်ဆင့် လျှပ်စစ်ဓာတ်အား ထုတ်ယူထားခြင်း ပင်ဖြစ်သည်။ ယင်းသို့တစ်ကြိမ် ဆွဲထားလျှင် LEDမီးသီးများအတွက် မိနစ်၃၀စာ လျှပ်စစ်ဓာတ်အား ပေးဝေသွားနိုင်မည်ဖြစ်ကြောင်း Therefore.comမှ ဒီဇိုင်နာမာတင် ရစ်ဒီဖော့နှင့် ဂျင်ရီးဖ်တို့ကဆိုသည်။
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။