အမေရိကန် ရေတပ် အနေဖြင့်
မိုင်းရှာဖွေရေး လင်းပိုင် တပ်ဖွဲ့အား ရေအောက် စက်ရုပ်များဖြင့် အစားထိုး
သွားမည် ဖြစ်ပါသည်။ စစ်ဘက် နည်းပြများ အနေဖြင့် လင်းပိုင်များအား ပြန်လည်
တာဝန် ပေးအပ်ရန်ထက် လျှော့ချရန် ကိုသာ မျှော်လင့်လျက် ရှိပါသည်။
၂ဝ၁၇ ခု နှစ်မှ စတင်၍ ရေတပ် ၂၄ ခုမှ စစ်ဘက် လေ့ကျင့် ရေး လင်းပိုင် အကောင် ၈ဝ အား ၁၂ ပေ အရှည်ရှိ လူလိုက်ပါခြင်း မရှိသော တော်ပီဒို ပုံသဏ္ဌာန် ယာဉ်ဖြင့် အစားထိုး သွားမည် ဖြစ်ကြောင်း UT San Diego သတင်းစာမှ ဖော်ပြခဲ့ ပါသည်။ အဆိုပါ ယာဉ်များသည် လင်းပိုင်များ ကဲ့သို့ မိုင်းရှာဖွေရေး တာဝန်များမှ အချို့ကို ထမ်းဆောင် နိုင်မည် ဖြစ်ကြောင်း စစ်ဘက်မှ ပြောကြား ခဲ့ပါသည်။ သို့သော် လင်းပိုင်များအား တာဝန်မှ အနားပေး သွားမည် မဟုတ်ကြောင်းနှင့် ၎င်းတို့အား ပင်လယ်ဖျံ များနှင့် အတူ ဆိပ်ကမ်း လုံခြုံရေးနှင့် ပင်လယ် ကြမ်းပြင်ရှိ အရာဝတ္ထု များအား ရှာဖွေရာတွင် အသုံးပြု သွားမည် ဖြစ်ကြောင်း သတင်းစာတွင် ဖော်ပြ ထားကြောင်း သိရှိရ ပါသည်။
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။