ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ရှိ ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်တိုက်ဖြစ်သည့် ဘဂ်ျခါလီဖာတိုက်ကြီးအား ပြင်းထန်သော မိုးကြိုးလျှပ်စီးကြောင်း ပစ်ခတ်မှုကြောင့် အံ့ဖွယ်ကောင်းလောက်အောင် တိုက်ကြီး၏ နောက်ခံရှုခင်းမှာ ရုတ်ခြည်းပြောင်းလဲခဲ့သည်။ အမြင့်၂၇၁၇ပေရှိပြီး သံမဏိတန်ပေါင်း လေးထောင်ကျော်ဖြင့် ဆောက်လုပ်ထားသော ကမ္ဘာ့အမြင့်ဆုံး တိုက်ကြီးပေါ်၌ အဆင့်မြင့်မိုးကြိုးလွှဲ စနစ်တပ်ဆင်ထားသောကြောင့် တစ်စုံတစ်ရာထိခိုက် ပျက်စီးမှုမရှိခဲ့သော်လည်း ယခုပစ်ချလိုက်သည့် မိုးကြိုးမှာ ကြီးမားပြင်းထန်လှသည်ဟု သတင်းဌာနများမှ ပြောဆိုခဲ့သည်။ အဆိုပါမိုးကြိုးပစ်ချပြီးနောက် မိုးမျှော်တိုက်ကြီးပေါ်တွင် လေးကိုင်းသဏ္ဌာန် သက်တံကြီးတစ်ခု ပေါ်ထွက်လာခဲ့ပြီး သတင်းထောက်များက ထိုပုံကို အမိအရရိုက်ယူနိုင်ခဲ့သည်။
ref: ပြည်မြန်မာ
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။