ကျွန်တော်တို့ ကမ္ဘာပေါ်မှာ ကုန်းတွင်းပိုင်းတွင် ရှိကြသည့်
အလွန်ကြီးမား
သော အင်းကြီးများ ၊ ကန်ကြီးများ ရှိကြပါတယ်။ တစ်ချို့မှာ
အလွန်ကြီး
ကြသဖြင့် ကုန်းတွင်းပင်လယ်ဟု ခေါ်ကြပါတယ်။ ထိုအထဲမှ ပင်လယ်သေ
အကြောင်းကို နေခရမ်း မှ တင်ပြချင်ပါတယ်။
ပင်လယ်သေ ဟာ အရှေ့အလယ်ပိုင်းဒေသ တွင်တည်ရှိပြီး ၊ ပါလက်စတိုင်း၊
အစ္စရေး ၊ ဆီးရီးယား ၊ လက်ဘလွန်၊ အီဂျစ်နှင့်ဂျော်ဒန်နိုင်ငံတို့နှင့်
ဆက်စပ်နေပါတယ်။
ပင်လယ်သေ ၏ ထူးခြားချက်များမှာ
ထို ရေထဲတွင် ရေနေသတ္တ၀ါများ မနေနိုင်ကြပါ။
ရေထဲတွင် အငန်ဓာတ်
အလွန်များ နေသောကြောင့် ဖြစ်ပါတယ်။
ပင်လယ်သေ ၏ ရေမျက်နှာပြင်သည် ကမ္ဘာ့ကုန်းပိုင်းတွင် အနိမ့်ဆုံးဖြစ်ပါတယ်။
ပျမ်းမျှခြင်းအရ ကမ္ဘာ့ပင်လယ်ရေပြင်အောက် မီတာ 427 (1,401 ပေ) နိမ့်နေပါတယ်။