ကျွန်တော်တို့ ကမ္ဘာကြီးမှာ လှပပြီးဆန်းပြားတဲ့ နေရာများ များစွာရှိကြပါတယ်။
ထိုအထဲမှ တောင် ၊ မြောက် ၀င်ရိုးစွန်းများတွင်ဖြစ်ပေါ်နေတဲ့ လှပတဲ့
ရောင်စုံဖြာ အလင်းတန်းများလည်း ပါဝင်နေပါတယ်။
သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ ဒီရောင်စုံဖြာ အလင်းတန်းများသည်
နေမှ ထွက်ပေါ်လာသော ဆိုလာဝင်း(Solar wind) များကြောင့် ဖြစ်
ပေါ်လာရခြင်းဖြစ်ပါသည်။ နေမှ မြန်နှုန်းမြင့် လျှပ်စစ်ဆောင်အမှုန်များ
တစ်စက္ကန့်လျှင် (၄၀၀) ကီလိုမီတာ နှုန်းဖြင့် အဘက်ဘက်သို့ အမြဲ
ဖြာထွက်နေတတ်ပါသည်။ ဒီအမှုန်များတွင် အီလက်ထရွန် နှင့် ပရိုတွန်
အမှုန်များ ဆတူခန့်ပါဝင်နေပါသည်။
ထိုသို့ နေမှ ထွက်ပေါ်လာသော ဆိုလာဝင်းများသည် ကမ္ဘာကြီး၏
သံလိုက်စက်ကွင်းများနှင့် ထိတွေ့သောအခါ တုန့်ပြန်မှုများဖြစ်ပေါ်လာပါ
သည်။ထို့ကြောင့်ပင် တောင်၊မြောက် ၀င်ရိုးစွန်းဒေသများတွင် လှပသည့်
တောင် ၊ မြောက် အလင်းရောင်များ (Northern / Southern Light) များ
ဖြစ်ပေါ်လာပါသည်။ဒီအလင်းတန်းတွေရဲ့လှပတဲ့ ရှုခင်းများကို ကြည့်လိုက်
ကြပါအုံးနော်...
သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ ……………….. နေခရမ်း
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။