အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ ရှောဒစ်ရပ်ကွက်၏ လူသွားလူလာများသော နေရာတွင် အသက်၂၄နှစ်အရွယ်ရှိ အဒမ်ပါစီတီဆိုသူ ဘွဲ့ရတစ်ဦးသည် အလုပ်လက်မဲ့ ဖြစ်နေသဖြင့် ၎င်း၏ရှိစုမဲ့စုငွေပေါင် ၅၀၀ကိုသုံးပြီး အလုပ်လိုချင်ကြောင်း ကြော်ငြာဆိုင်းဘုတ်ကြီး တစ်ခုထောင်လိုက်သည့် သတင်းက ကမ္ဘာ့သတင်း စာမျက်နှာများပေါ်တွင် ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့သည်။ အဒမ်ပါစီတီ၏ ဆိုင်းဘုတ်ပေါ်တွင် သူ၏ဓာတ်ပုံနှင့်အတူ ''ကျွန်တော်ရဲ့ နောက်ဆုံးငွေ၅၀၀သုံးပြီး ဒီဆိုင်းဘုတ်ကို ထောင်လိုက်ရပါတယ်။ ကျွန်တော့်ကို အလုပ်တစ်ခုပေးကြပါ''ဟု ရေးသား ဖော်ပြထားကြောင်း သိရသည်။
ထို့ပြင် အင်တာနက် စာမျက်နှာပေါ်တွင်လည်း ၎င်းသည် ၀က်ဘ်ဆိုက် တစ်ခုထောင်ပြီး အလုပ်တောင်းဆိုမှု ပြုလုပ်ခဲ့သည် ဟုသိရသည်။ ဤသို့ပြုလုပ်ပြီး မကြာမီပင် အလုပ်အကိုင်ပေါင်း ၁၀၀ကျော် ၎င်း၏ ၀က်ဘ်ဆိုက်ထဲသို့ ၀င်ရောက်လာခဲ့ကြောင်း သိရသည်။ ထိုလုပ်ရပ်၏ အကျိုးကျေးဇူးအဖြစ် အဒမ်သည်မီဒီယာ လုပ်ငန်းကြီးတစ်ခုတွင် အလုပ်ရခဲ့သည် ဟုသိရသည်။ အဒမ်ပါစီတီသည် ၀င်ချက်စတာ တက္ကသိုလ်မှ မီဒီယာနှင့် ပတ်သက်သော ပထမတန်းစားဘွဲ့ကို ရရှိထားသူဖြစ်ပြီး လပေါင်းများစွာ အလုပ်လက်မဲ့ ဖြစ်နေသည့်အတွက် အထက်ဖော်ပြပါအတိုင်း အလုပ်လျှောက်ရန် အတွေးပေါက် အကောင်အထည်ဖော် ဆောင်ရွက်လိုက်ခြင်း ဖြစ်သည် ဟုသိရသည်။
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။