အမြင့်၃၀စင်တီမီတာ (၁၂လက်မ)၊ အချင်း၂၁စင်တီမီတာ (၈လက်မ)အထိ ကြီးမားလှသည့် ငှက်ဥကိုစတာလင်ပေါင် သုံးသောင်းဖြင့် လေလံတင် ရောင်းချနေပြီဖြစ်သည်။ အလေးချိန်၈၈၀ ပေါင်(၄၀၀ကီလိုဂရမ်)မျှရှိသည့် အဆိုပါငှက်ဥသည် ကြက်ဥထက် အဆပေါင်း ၁၆၀အထိ ကြီးမားပြီး ရာစုနှစ်ပေါင်းများစွာ ကတည်းကပင် မျိုးသုဉ်းပျောက်ကွယ်သွားသော ဆင်ငှက် ElephantBird၏ ဥပင်ဖြစ်သည်။
စွယ်စုံကျမ်းများ၏ အဆိုအရ ဆင်ငှက်များသည် အမြင့်၁၀ပေ ကျော်ရှိသောကြောင့် ကမ္ဘာ့အကြီးဆုံး ငှက်မျိုးနွယ်ဝင် များလည်းဖြစ်သည်။ ၎င်းတို့၏ဥများသည် အရွယ်အစား သုံးပေခန့် ရှိသည်ဟုသိရသည်။ အဆိုပါငှက်များသည် မာဒါဂတ်စ်ကာတွင် ကျင်လည် ကျက်စားခဲ့ကြသော ငှက်များပင်ဖြစ်သည်။ ၎င်းတို့တွင် တောင်ပံများရှိသော်လည်း ပျံသန်းနိုင်ခြင်းမရှိကြောင်း သတ္တဗေဒပညာရှင်များ၏ အဆိုအရသိရသည်။
ref:ပြည်မြန်မာ
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။