လွန်ခဲ့သည့်နှစ်သန်းပေါင်း ၁၅၀၀မှ ၂၆၀၀ခန့်က တည်ရှိခဲ့သော ရေကိုကနေဒါတွင် ရွှေတွင်းတူးရာမှ ရှာဖွေတွေ့ရှိခဲ့ကြသည်။ အွန်တာရီယိုပြည်နယ်တွင် မြေအောက်သို့ အနက်၁ဒသမ၅မိုင်ခန့် တူးဖော်ကြည့်ရာမှ ရှေးကျသည့်ရေကို ရှာဖွေတွေ့ရှိခဲ့ကြခြင်းပင်ဖြစ်သည်။ အဆိုပါရေတွင် ဟိုက်ဒရိုဂျင်ဓာတ်များစွာ ပါဝင်နေပြီး ရှေးကျသည့် သတ္တုမျိုးစိတ်များစွာ ရေထဲတွင် ပါဝင်နေမှုရှိမရှိကို ဘူမိဓာတုပညာရှင်များက စူးစမ်းရှာဖွေနေကြသည်။ ဂြိုဟ်နီကြီးဟု တင်စားခေါ်ဆိုသည့် မားစ်ဂြိုဟ်တွင်လည်း ရှေးယခင်ကသမုဒ္ဒရာကြီး တည်ရှိခဲ့သောကြောင့် ယခုတွေ့ရှိရသည့် ကမ္ဘာမြေပေါ်မှ သက်တမ်းရင့်ရေကို ခွဲခြမ်းစိတ်ဖြာလေ့လာခြင်းဖြင့် ရှေးယခင်သမိုင်းကြောင်း ခြေရာကို အဖြေရှာနိုင်မည်ဖြစ်သည်။
ref:ပြည်မြန်မာ
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။