နေရောင်ခြည်ဖြင့် အစာချက်လုပ်နိုင်ရန် အလင်းရောင်ရှိရာသို့ အပင်များကို ပို့ဆောင်ပေးနိုင်သည့် မောင်းသူမဲ့ ယာဉ်အသေးစား ဒရုန်းများကို နယူးဂျာစီတက္ကသိုလ်မှ အနုပညာရှင်များနှင့် အတတ်ပညာရှင်များက စီစဉ်နေကြသည်။ အပင်များကို ဒရုန်းများပေါ်တွင် စိုက်ပျိုးထားသောကြောင့် အလိုအလျောက် ရွေ့လျားသွားလာနိုင်ခြင်းပင်ဖြစ်သည်။ ထို့ပြင်အဆိုပါစနစ်ကို ကွန်ပျူတာကွန်ရက်များဖြင့်ပါ ချိတ်ဆက်ထားသောကြောင့် အပင်များရေလောင်းရန် လိုအပ်လာချိန်တွင် ဥယျာဉ်မှူးကို အလိုလိုအပ်လာချိန်တွင် ဥယျာဉ်မှူးကို အလိုအလျောက် အကြောင်းကြားနိုင်ရန်လည်း စီစဉ်ထားသည်။ ဒရုန်းတွင်တပ်ဆင်ထားသည့် အာရုံခံကိရိယာများသည် အပင်များ၏ လိုအပ်ချက်ကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်ပြီး ကွန်ပျူတာများဆီသို့ သတင်းအချက်အလက်များ ပေးပို့နေခြင်းပင်ဖြစ်သည်။ အပင်များနှင့် တွဲဖက်တပ်ဆင်ထားသော စက်ကိရိယာများ အလုပ်အလုပ်နိုင်ရန် နေရောင်ခြည်စွမ်းအင်ကို လုပ်နိုင်ရန် အသုံးပြုထားသည်။ IndaPlantဟု အမည်ပေးထားသော အပင်များကို သိပ္ပံပညာဖြင့် စိုက်ပျိုးသည့် နည်းပညာ စီမံကိန်းအတွက် နှစ်နှစ်ကြာမျှ အချိန်ယူလုပ်ဆောင်ခဲ့ရသည်ဟု ပါမောက္ခ အဲလိဇဘတ်ဒီမာရေးက ရှင်းပြသည်။
ref:ပြည်မြန်မာ
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။