အကျိုးအမြတ်ကို ဦးစားမပေးသည့် အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေး MarsOneစီမံကိန်းအရ ကမ္ဘာမြေကို အပြီးတိုင်စွန့်ခွာပြီး အင်္ဂါဂြိုဟ်ပေါ်၌ အခြေချနေထိုင်ရန် လျှောက်လွှာခေါ်ယူခဲ့ရာ ထိုသို့နေထိုင်ရန် လျှောက်ထားသူ နှစ်ပတ်အတွင်း ၇၈၀၀၀ကျော်လာပြီ ဖြစ်ကြောင်း ယင်းအဖွဲ့၏ အမှုဆောင်ချုပ် ဘတ်စ်လန်းဒရော့က ထုတ်ပြန်ကြေညာသွားခဲ့သည်။လျှောက်လွှာခေါ်ယူမှုကို သြဂုတ်လ ၃၁ရက်နေ့ နောက်ဆုံးထားပြီး ဆက်လက်ခေါ်ယူသွားမည် ဖြစ်ကြောင်းသိရသည်။
ထိုသို့လျှောက်ထားသူများအား ရွေးချယ်ကမ္ဘာမြေမှ အပြီးတိုင်စွန့်ခွာပြီး အင်္ဂါဂြိုဟ်ပေါ် အခြေချနေထိုင်ရန် လူပေါင်း၇၈၀၀၀ကျော် လျှောက်ထားစိစစ်မှုများ ပြုလုပ်ပြီးနောက် ကျန်ရှိသည့် လက်ရွေးစင်များကို အင်္ဂါဂြိုဟ်ခရီးစဉ်အတွက် ခုနစ်လကြာ စေလွှတ်မည်ဖြစ်သည်။ ၎င်းတို့ကို ၂၀၂၃ခုနှစ်တွင် အင်္ဂါဂြိုဟ်မျက်နှာပြင်ပေါ်သို့ ပို့ဆောင်ပေးကာ အခြေချနေထိုင်ရန် စီစဉ်ပေးသွားမည်ဖြစ်သည်။ ထိုသို့နေထိုင်ရန် လျှောက်ထားသူများမှာ နိုင်ငံပေါင်း ၁၂၀ကျော်ရှိ နယ်ပယ်ပေါင်းစုံ၊ အလွှာပေါင်းစုံမှ ပါဝင်ပြီး ဗြိတိန်တစ်နိုင်ငံတည်းတွင် လျှောက်ထားသူ ၃၅၀၀ခန့်ရှိကြောင်း သိရသည်။
ref:ပြည်မြန်မာ
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။