ကမ္ဘာ့ရှေးအကျဆုံး ကလေးအရိုးစုအား အာဖရိကတိုက် အရှေ့ပိုင်း အီသီယိုးပီးယားနိုင်ငံ ဒီတီကာဒေသတွင် အီသီယိုးပီးယား မနုဿဗေဒပညာရှင် ဇီရေအလမ်စီဂက်က တူးဖော် တွေ့ရှိခဲ့ရသည်။ အဆိုပါ ကလေးငယ်၏ အရိုးစုကို ဆီလမ်ဟု အမည်ပေးထားပြီး လွန်ခဲ့သော နှစ် ၃ ဒသမ ၃ သန်းခန့်က သေဆုံးခဲ့သော အသက် သုံးနှစ်အရွယ် မိန်းကလေးတစ်ဦး ဖြစ်ကာ ရှာဖွေတွေ့ရှိသမျှတွင် အစောဆုံး ကလေးရုပ်ြွကင်း တစ်ခုလည်း ဖြစ်သည်။
မနုဿဗေဒပညာရှင် အလမ်စီဂက်သည် ထိုရုပ်ကြွင်းကို ၂၀၀၀ ခုနှစ်ကတည်းကပင် တွေ့ရှိခဲ့သော်လည်း သဲကျောက်စိုင်အတွင်း နစ်မြုပ်နေသောကြောင့် ကာလအတန်ကြာ ခက်ခက်ခဲခဲ လေ့လာခဲ့ရပြီးမှ ယခုကဲ့သို့ အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။ အလမ်စီဂက်သည် အဆိုပါ ကလေးငယ် အရိုးစုကို အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် အခြေစိုက် မနုဿဗေဒသုတေသနဌာနသို့ ယူဆောင်ပြီး လေ့လာစူးစမ်းမှုများ ဆက်လက် ပြုလုပ်လျက် ရှိကြောင်း သိရသည်။
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။