လန်ဒန်မြို့မှ ဓာတ်ပုံဆရာတစ်ဦးသည် ကျေးလက်ဒေသသို့ အလည်အပတ် သွားရောက်စဉ် ကလေးငယ်တစ်ဦးက လေပူဖောင်း မှုတ်ထုတ်ကစားစဉ် ထိုလေပူဖောင်းမှ မယ်တော်မာရီက သားဖြစ်သူ ခရစ်တော်ကို ပွေ့ဖက်နေသည့် ပုံသဏ္ဌာန်ပေါ်လာခဲ့ရာ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးထားခဲ့သည်။ ဂျင်နီဟယ်လာသည် အင်္ဂလန် အရှေ့တောင်ပိုင်း ဆက်ဖို့ဒ်ဒေသရှိ ဒန်ဝှစ်ခ်ျကျေးရွာသို့ သွားရောက်လည်ပတ်စဉ် ကလေးငယ်တစ်ဦး မှုတ်ထုတ်လိုက်သော လေပူဖောင်းမှ ထူးဆန်းအံ့သြဖွယ် ပုံသဏ္ဌာန် ပေါ်လာခဲ့သဖြင့် ဓာတ်ပုံရိုက်ကူးပြီး နေအိမ်သို့ ပြန်လည် ရောက်ရှိစဉ် ၁၆၂၈ ခုနှစ်ခန့်က ပန်းချီပညာရှင် ဂိုင်ဒိုရီနီ ရေးဆွဲထားသော ခရစ်တော်နှင့် မယ်တော်မာရီ ပန်းချီကာနှင့် တူညီနေသည်ကို တွေ့ရသည်။ ဆပ်ပြာရည် အသုံးပြုပြီး မှုတ်ထုတ် ကစားရသည့် လေပူဖောင်းမှ ယင်းသို့ မယ်တော်မာရီပုံသဏ္ဌာန် ထွက်ပေါ်လာမှုသည် အံ့အားသင့်ဖွယ် ကောင်းပြီး ထိုလေပူဖောင်း မပျောက်ကွယ်မီ အလျင်အမြန် ဓာတ်ပုံ ရိုက်ကူးနိုင်ခဲ့ခြင်းကို ၀မ်းမြောက်မိကြောင်း ဂျင်နီဟယ်လာက ပြောကြားခဲ့သည်။
ref:ပြည်မြန်မာ
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။