
သင် တစ်နေ့ကို အကြိမ်ပေါင်း ၂၃,၀၀၀ ကျော် အသက်ရှုမှု ပြုပါသည်။

ကမ္ဘာ့လူဦးရေရဲ့ ၁၁ ရာခိုင်နှုန်းသော လူတွေဟာ ဘယ်သန်တွေဖြစ်ကြပါတယ်။

တူရကီနိုင်ငံ ၏ အစ်စတန်ဘူ( Istanbul ) မြို့သည် တိုက်နှစ်တိုက်ပေါ်တွင်
ရှိသော တစ်ခုတည်းသော မြို့ဖြစ်သည်။ ထိုမြို့သည် အာရှတိုက် နှင့် ဥရောပတိုက်
နှစ်ခုပေါ်တွင်တည်ရှိနေသော မြို့ဖြစ်ပြီး ဘိုပိုရပ်စ် (Bosporus) ရေလက်ကြားက
ပိုင်းခြားထားပါသည်။

ကိုအာလား (Koala) ၀က်ဝံများသည် တစ်နေ့လျှင် ၁၈ နာရီခန့်
အိပ်တတ်ကြပါသည်။

Australia နိုင်ငံတွင် ကမ်းခြေပေါင်း ၁၀၆၈၅ ခု ရှိပါသည်။ တစ်နေ့ကို
ကမ်းခြေ တစ်ခုကျ လည်ပတ်လျှင် နှစ်ပေါင်း ၂၉ နှစ်ကျော် လည်ပတ်
ရပါမည်။

နေ ၏ အလင်းသည် ကမ္ဘာမြေပေါ်ရောက်ဖို့ အချိန် ၈ မိနစ် ၂၀ စက္ကန့် ကြာပါသည်။

ငှက်ပုတုံး (Humming Bird) လေးတွေဟာ လမ်းမလျောက်နိုင်ကြပါဘူး။

လစ်ဗျား (Libya) နိုင်ငံ ဧရိယာ၏ ၉၉ ရာခိုင်နှုန်းလောက်သည်
သဲကန္တာရ ဖုံးလွှမ်းနေပါသည်။

ကမ္ဘာပေါ်မှာ လူပြောအများဆုံး ဘာသာစကားသုံးခုကတော့ မန်ဒရင်းတရုတ်ဘာသာစကား ၊ စပိန်ဘာသာစကားနဲ့ အင်္ဂလိပ်ဘာသာစကား
တို့ဖြစ်ပါတယ်။

ဒေါက်တာ အလက်ဇန်းဒါးဝုဒ်သည် ဆေးထိုးအပ်ကို ၁၈၈၂ ခုနစ်တွင်တီထွင်ခဲ့သည်။
သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ............. နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။