တဲ့ ကျွန်းကလေးတွေများစွာရှိပါတယ်။ ထိုကျွန်းကလေးများကို နေခရမ်းမှ စုစည်းတင်ပြပေး
ချင်ပါတယ်။ အားပေးကြပါအုံးနော်....
(၁) Galesnjak Island (Lovers’ Island) – Croatia

ဒါကတော့ ကမ္ဘာကျော် လူသိများတဲ့ ကျွန်းကလေးပါ။ ချစ်သူများကျွန်းဟုတင်စား
ခေါ်ဆိုကြသလို သူ့ပုံစံကလည်း တကယ်အသဲပုံစံဖြစ်ပေါ်နေပါတယ်။
azure-blue Adriatic ပင်လယ်ထဲမှာတည်ရှိပြီး အပင်နှင့် သစ်ပင်များသာရှိပါတယ်။ကမ္ဘာတစ်လွှား ထူးခြားစွာပုံပေါ်နေသောကျွန်းများ တွင်လည်းပါဝင်ရေးသားဖူးပါတယ်။
(၂) Heart Reef

Australia တွင် 1975 ခုတွင် စတင်တွေ့ရှိခဲ့တဲ့ ကျောက်တန်းများမှ ဖြစ်ပေးနေတဲ့
အသဲပုံကျွန်းကလေးပါ။
(၃) Makepeace Island

Australia တွင်ပင် တည်ရှိနေတဲ့ နောက်ထပ်အသဲပုံစံ ကျွန်းကလေးပါ။
(၄) Heart-shaped Island

တောင်ကိုရီးယားနိုင်ငံမှ ကျွန်းကလေးပါ။
(၅) Blueberry Island

ကနေဒါမှ ကျွန်းကလေးကလည်း သစ်ပင်တွေနဲ့ လှပနေပါတယ်။
(၆) Tavarua Island

ဒီ ရိုမန်တစ်ဆန်တဲ့ အသဲပုံစံ ကျွန်းကလေးကတော့ တောင် ပစိဖိတ်သမုဒ္ဒရာထဲ
တွင်တည်ရှိပြီး ဖီဂျီကျွန်းစုထဲမှာပါဝင်ပါတယ်။ သန္တာကျောက်တန်းကျွန်းအမျိုးအစားပါ။
(၇) Heart-shaped Island

ဒီကျွန်းကတော့ ပင်လယ်ထဲမှာမဟုတ်ပဲ ဗင်နီဇွဲလား နိုင်ငံမှ Orinoco မြစ်ထဲမှာ
တည်ရှိနေတာပါ။
(၈) Harbor Island

အမေရိကန်နိုင်ငံ မိန်းပြည်နယ်မှာတည်ရှိတဲ့ လှပတဲ့ သစ်တော ကျွန်းကလေးပါ။
(၉) Isla Corazón (Heart Island)

ဒီအသဲကျွန်းလို့အမည်ရတဲ့ ကျွန်းကလေးက အာဂျင်တီးနားနိုင်ငံ ၊ Mascardi ရေကန်ကြီး၏
အလယ်မှာတည်ရှိနေပါတယ်။
(၁၀) Heart-shaped Island

ဂျာမနီနိုင်ငံ မှ အနက်ဆုံးရေကန်ကြီးတွေထဲက တစ်ခုဖြစ်တဲ့ Walchensee ရေကန်ကြီးမှာ
တည်ရှိပါတယ်။
(၁၁) Heart-shaped Island

ဘရာဇီးနိုင်ငံမှ Vaza-Barris မြစ်ထဲမှာတည်ရှိပါတယ်။
(၁၂) Heart-shaped Island

တူရကီနိုင်ငံမှာတည်ရှိပါတယ်။
(၁၃) Tupai Island

French Polynesia တွင်တည်ရှိပြီး အုန်းပင်များ ကမ်းခြေတစ်လျှောက် ပေါက်နေ
ခြင်းဟာ အသဲပုံ နှစ်ထပ်ပုံစံပေးစေပြီး တမူထူးစွာလှပနေပါတယ်။
(၁၄) Heart-shaped Island

Botswana မှကျွန်းကလေးပါ။
(၁၅) Heart-shaped Island

ဂျာမနီမှာ ပဲ တည်ရှိပါတယ်။
(၁၆) Moorea Island

French Polynesiaတွင်တည်ရှိတဲ့ နောက်ထပ်ကျွန်းကလေးပါ။
(၁၇) Heart-shaped Island

အမေရိကန်နိုင်ငံ အလက်စကာမှာတည်ရှိတဲ့ သေးငယ်လှပတဲ့ အသဲပုံစံကျွန်းကလေးပါ။
(၁၈) Kardia Island

ဂရိတွင် တည်ရှိတဲ့ ကျွန်းကလေးပါ။
(၁၉) Petre Island

အမေရိကန်နိုင်ငံ နယူးယောက်မြို့မှ ၄၇ မိုင်အဝေးတွင် တည်ရှိတဲ့
Mahopac ရေကန်ကြီးအလယ်မှာတည်ရှိပါတယ်။
ဒီအသဲပုံကျွန်းကလေးသည် ကမ္ဘာကျော် ရုပ်ရှင်မင်းသမီး ဂျိုလီ မှ သူ၏ခင်ပွန်း
ကမ္ဘာကျော် ရုပ်ရှင်မင်းသား ဘရက်ပစ်၏ နှစ် ၅၀ မြောက်မွေးနေ့အတွက်
မွေးနေ့လက်ဆောင်အဖြစ် ၀ယ်ပေးဖူးကြောင်း ကမ္ဘာ့သတင်းစာမျက်နှာများမှာ
ဟိုးလေးတကျော်ကျော် ပါဝင်သတင်းကြီးဖူးပါတယ်။
အချစ်သင်္ကေတ အသဲပုံကျွန်းလေးတွေကြည့်ရင်း ဒီလောက်နဲ့ပဲ နားကြရအောင်နော်။
Oct 16, 2013 မှပိုစ့်အား ပြန်လည်ပြင်ဆင် တင်ပြထားပါသည်။
သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ............. နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။