
အင်္ဂလန်အနောက်မြောက်ပိုင်း လန်ကာရှိုင်းယားဒေသ မိုကမ်ဘီကမ်းခြေတွင် အလုပ်လက်မဲ့ ခမ်ဝီမန်ဆိုသူသည် ၎င်း၏ခွေးဖြစ်သူ လမ်းလျှောက်နေစဉ် အဆိုပါခွေးက သခင်အတွက် ရေမွှေးထုတ်လုပ်ရာတွင် အသုံးပြုသည့် ခြောက်ပေါင်ခန့် အလေးချိန်ရှိသော အမေရိကန်ဒေါ်လာ ၁၃၀၀၀၀ကျော်တန် ဝေလငါးအန်ဖတ် ရှာဖွေပေးခဲ့သည်။ ခမ်ဝီမန်သည် ဆိုင်ကယ်မတော်တဆ ဖြစ်ပွားမှုတစ်ခုကြောင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး အလုပ်လက်မဲ့ အခြေအနေသို့ ရောက်ရှိစဉ် ၎င်း၏ခွေးမက်ခ်ဂီကြောင့် သိန်းထီပေါက်သလို ဝေလငါး အန်ဖတ်ကို ရှာဖွေတွေ့ရှိခဲ့သည်။ ထိုဝေလငါး အန်ဖတ်ကို ပြင်သစ်ပွဲစားများက အစောပိုင်းတွင် ဒေါ်လာ ၅၈၅၀၀ သာပေးခဲ့ပြီး နောက်ပိုင်းတွင် အင်တာနက်မှ ကျွမ်းကျင်ပညာရှင်များက ဒေါ်လာ၁၃၀၀၀၀ ကျော်တန်ကြောင်း ခန့်မှန်းတွက်ဆခဲ့ကြသည်။ ဝေလငါးအန်ဖတ်သည် လတ်ဆတ်မှုပေါ်တွင် မူတည်၍ ဈေးနှုန်းမြှင့်တက်ပြီး ထိုဝေလငါး အန်ဖတ်သည် ပိုမိုလတ်ဆတ်ပါက ဒေါ်လာ နှစ်သိန်းကျော်အထိ ရရှိနိုင်သည်။
Credit:pyimyanmar
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။