Australia ဆိုတာ ကမ္ဘာ့တိုက်ကြီးများထဲစာရင်းဝင်ပေမယ့် ကျွန်းနိုင်ငံကြီးလို့ပြောရမှာပါ။
ဒီနိုင်ငံမှာ ထူးဆန်းတဲ့နေရာတွေ မြောက်များစွာတည်ရှိပါသည်။
ဒီအထဲမှ ထူးထူးခြားခြား အမြဲ အရောင်ပြောင်းနေတက်
တဲ့ တောင်ကြီးတစ်တောင်ကဲ့သို့ ဖြစ်တည်နေသော ကျောက်တုံးကြီး
အကြောင်းကိုတင်ပေးမှာပါ။ဒီတောင်ကြီးကတော့ Uluru
လို့အမည်ရပြီး အများက Ayers Rock လို့ခေါ်ကြပါတယ်။ဒီတောင်ကြီးဟာ
အလင်းရောင်ရရှိမှု ၊ တစ်နေ့သာ အချိန် နှင့် ရာသီဥတုအပေါ်လိုက်ပြီး
အရောင် သိသိသာသာပြောင်းလဲနေတတ်ပါတယ်။
Australia ရဲ့အလယ်ပိုင်းလောက်မှာတည်ရှိပြီး မြေပြန့်တွေအလယ်မှာထင်ထင်ရှားရှား
တည်ရှိနေတာပါ။ လွန်ခဲ့သော နှစ်သန်းပေါင်း ၆၀၀ ခန့်ကတည်းက တည်ရှိနေတယ်လို့
ခန့်မှန်းကြပါသည်။
ကြီးမားသော သဲကျေက်တောင်အမျိုးအစားဖြစ်ပြီး 348 m (1,142 ပေ) မြင့်ပါတယ်။
ဒါဟာ မြေမျက်နှာပြင်ကနေတိုင်းထားသော အမြင့်ပါ။ ပင်လယ်ရေမျက်နှာပြင်
ကနေ တိုင်းမည်ဆိုလျှင် 863 m (2,831 ပေ) မြင့်ပါသည်။
ဒီကျောက်တုံးကြီး (သို့) တောင်ကြီး၏ အ၀န်းအ၀ိုင်း အကျယ်ကတော့
9.4 km (5.8 မိုင်) ရှိပါသည်။
(ဒါကတော့ တစ်နေ့တာအတွင်းအရောင်ပြောင်းလဲပုံပါ)
ဒီတောင်ကြီးပေါ်မှာ လှိုဏ်ဂူတွေ ၊ ရေကျတွင်းပေါက်လေးတွေနဲ့ ဂူတွေထဲမှာဆိုရင်
ရှေးဟောင်းနံရံဆေးရေးပုံတွေကိုပါ တွေ့ရှိရပါတယ်။
( ရှေးခေတ်လူများ၏ ပန်းချီပုံများ)
Australia နိုင်ငံ၏ ကျော်ကြားသော သဘာဝအထိမ်းအမှတ်နေရာတစ်ခု
အဖြစ်သတ်မှတ်ထားပါသည်။
(ဒါကတော့ တစ်နှစ်တာ အတွင်း ရာသီအလိုက် အရောင်ပြောင်းလဲနေတဲ့ပုံတွေပါ)
သူရဲ့အရောင်ပြောင်းလဲပုံများကြောင့် ကမ္ဘာလှည့်ခရီးသွားများ သွားရောက်လည်ပတ်
လေ့ရှိတဲ့ နေရာတစ်ခုပါ။ ယူနက်စကို ရဲ့ကမ္ဘာအမွေအနှစ်စာရင်းဝင်ဒေသအဖြစ်
သတ်မှတ်ထားပါတယ်။
လွင်တီးခေါင်တွင် ထီးထီးကြီး တည်ရှိနေပုံပါ။
ဒေသခံများ၏ ယုံကြည်မှုတစ်ခုကတော့ ဒီကျောက်တုံးကြီး၏ ကျောက်ခဲ၊
ကျောက်ဆိုင် အပိုင်းအစများကို ဖဲ့ပြီး အပြင်သို့ယူဆောင်သွားလျှင်
ကံဆိုးမှုများ ဆက်ကာ ဆက်ကာဖြစ်တတ်သည်ဟု ဆိုကြပါသည်။
အပိုင်းအစများကိုလည်း မယူဆောင်သွားကြဖို့ တားမြစ်ထားပါသည်။
တောင်အောက်ခြေမှ လှိုဏ်ဂူပုံစံ ဖြစ်တည်နေပုံပါ။
ရေကျ တွင်းပေါက်များ
Ayers Rock သွားရာ လမ်း။
Ayers Rock တည်ရှိရာ မြေပုံပါ။
Jul 6, 2013 မှပိုစ့်အား ပြန်လည်ပြင်ဆင်တင်ပြထားပါသည်။
သူငယ်ချင်းများပျော်ရွှင်ချမ်းမြေ့ကြပါစေ.........................နေခရမ်း
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။