မျိုးကွဲများစွာကို အများဆုံး စုစည်းထားနိုင်သည့် ရုပ်လုံးသွင်း ပြတိုက်တစ်ခုအကြောင်းပါ။
ဂျာမနီ နိုင်ငံ ဘာလင်မြို့မှာတည်ရှိတဲ့East Wing သဘာဝသမိုင်းပြတိုက်ကြီးပါ။

ဒီပြတိုက်ထဲမှာ တွားသွား နှင့်ရေနေသတ္တ၀ါများကို ဖန်ပုလင်းထဲမှာ
ဆေးရည်စိမ်ထားပြီးပြသထားပါတယ်။

ဖန်ပုလင်းပေါင်း (၂၇၆၀၀၀)တွင် သက်ရှိမျိုးစိတ် (၁)သန်းကျော်၏
ရုပ်ကြွင်းများကိုalcoho(အရက်) 81,880 လီတာထည့်သွင်းကာ
ထူးထူးခြားခြား စီမံထိန်းသိမ်းထားသည့်သဘာဝ လက်ရာများအဖြစ်
ပြသခဲ့ခြင်း ဖြစ်သည်။

ပါဝင်ပြသထား သောမျိုးစိတ်တွေကတော့
ငါးမန်းကြီးတစ်ကောင်အပါအ၀င် ငါးများ ၊ တွားသွားသတ္တ၀ါများ ၊
နို့တုက်သတ္တ၀ါများ၊ ပင့်ကူများ ၊ တီကောင်မျိုးစိတ်များ ၊ ပင်လယ်ဂဏန်းများ ၊
အင်းဆက်များနှင့် ကျောရိုးမဲ့ သတ္တ၀ါများပါ ပါဝင်ပြသထားပါတယ်။
ပြတိုက်ထဲတွင် သံမဏိနှင့် ဖန်သားတို့ဖြင့် ပြုလုပ်ထားသော (၃)ဆင့် စင်
များဖြင့် ပုလင်းများကို တင်ရှိ ပြသခဲ့ခြင်း ဖြစ်သည်။

ဒီရုပ်ကြွင်းများကို(၁၈)ရာစုမှ စတင်စုဆောင်းလာပြီးယခုအခါအရေအတွက်များစွာ
အများပြည်သူရှေ့ ချပြခြင်း ဖြစ်သည်။

East Wing ပြတိုက်သည် ဒုတိယ ကမ္ဘာစစ် ကာလအတွင်းက
မဟာမိတ်တပ်များ ဗုံးကြဲသဖြင့် ပျက်စီးခဲ့သည်။ ထိုစဉ်က ဗုံးတစ်လုံးသည်
ပြတိုက်၏ ခန္ဓာဗေဒ ပြခန်းထိ ကျရောက် ပေါက်ကွဲခဲ့ရာ
သိမ်းဆည်းထားသော နမူနာ ရုပ်ကြွင်းများ ဆုံးရှုံးခဲ့ရသည်။

(၁၉၉၅)တွင် စတင်ကာ ပြတိုက်ကို ပုံစံသစ်ဖြင့် ပြုပြင်ခဲ့ပြီး
(၂၀၁၀)ပြည့်နှစ်တွင်မူ အလုံးစုံ ပြီးစီးခဲ့သည်။

လာရောက်ကြည့်ရှု့သူတွေ အတွက်တကယ်ကို ဗဟုသုတရအောင်
လုပ်ထားတာပါ။တစ်ချို့သတ္တ၀ါတွေဆိုရင် မမြင်ဖူးကြပါဘူး။

ထို့ပြင် သဘာဝသမိုင်းပြတိုက်ဟူသော အမည်နှင့် လျော်ညီစွာ
ကမ္ဘာဦးမှ စတင်ပြီး ခေတ်အဆက်ဆက် ရှင်သန်နေခဲ့သော
သတ္တ၀ါမျိုးစုံကိုလည်း အခန်းများခွဲကာ ပြသထားပါသည်။

ကမ္ဘာဦးသတ္တ၀ါများဖြစ်သော ဒိုင်နိုဆောမျိုးနွယ်များ၏ ကျောက်ဖြစ်ရုပ်ကြွင်း
အရိုးစုများကို အထူးကျွမ်းကျင်သော ပညာရှင်များမှ ပြန်လည်တည်ဆောက်
တပ်ဆင်ပြီး စိတ်ဝင်စားဖွယ်ဖြစ်အောင် ပြသထားပါသည်။

ကမ္ဘာအကြီးဆုံး ဒိုင်နိုဆောအရိုးစုကြီးများတွင် ပါဝင်သော အမြင့် ၁၃ မီတာ ရှိ
Brachiosaurus အမည်ပေးထားသော ရုပ်ကြွင်းကြီးကိုလည်း တပ်ဆင်ပြသ ထားပါသည်။







ဒီလောက်ဆိုရင်ပြည့်စုံလောက်ပြီလို့ထင်ပါတယ်။
နေခရမ်းလည်း မရောက်ဖူးပေမယ့် ရှာလို့ရသမျှ တင်ပေးလိုက်ပါတယ်။
မပြည့်စုံတာရှိရင်ခွင့်လွှတ်ကြပါလို့တောင်းပန်ရင်း...
Aug 9, 2013 မှပိုစ့်အား ပြန်လည်ပြင်ဆင် တင်ပြထားပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။