ရှေးဟောင်းမြေအောက်မြို့တော်ကြီးတစ်ခုကို ဒေသခံလူတစ်ဦးမှ
မထင်မှတ်ဘဲ တွေ့ရှိရမှုတစ်ခု ဖြစ်ပေါ်ခဲ့ဖူးပါသည်။
၁၉၆၃ ခုနှစ်တွင် တူရကီနိုင်ငံ အလယ်ပိုင်းလောက်ရှိ Cappadocia
ဒေသတွင် နေထိုင်သူတစ်ဦးသည် မိမိအိမ်၏ မြေအောက်ခန်းနံရံကို
ဖြိုလိုက်ရာမှ အခြားအခန်းတစ်ခုကို တွေ့ရှိခဲ့ရပါသည်။ ထိုအခန်းမှ
နေ၍ ရှေးဟောင်းမြေအောက်မြို့တော် Derinkuyu သို့ရောက်ရှိ
နိုင်သည့် ဥမင်လှိုဏ်ခေါင်းများကိုပါ ထပ်မံတွေ့ရှိခဲ့ပါသည်။

မြေအောက်မြို့တော်ကြီးဟု ခေါ်ရလောက်အောင်ပင် မြေအောက်
ကျောက်သားအလွှာများကို ထွင်းဖေါက်ကာ အခန်းများ၊ လူသွား
ဥမင်လမ်းများ ဖြင့်စနစ်တကျ တည်ဆောက်ထားခြင်းဖြစ်ပါသည်။

အထပ်ပေါင်းကလည်း ၁၈ ထပ်ရှိပါသည်။အခန်းများ ၊ အကန့်များ
နှင့် စနစ်တကျ တည်ဆောက်ထားခြင်းပါ။ကမ္ဘာမြေအောက် ၂၇၉ ပေ
အနက်တွင် တည်ရှိပါသည်။

ထိုမြေအောက်မြို့တော်ကြီးနှင့် ရှေးဟောင်းမှတ်တမ်းများကတော့
ရှိပါသည်။ထိုမှတ်တမ်းများတွင် ရှေးဟောင်းမြို့တော်ကြီး၌
လူပေါင်း ၂၀၀၀၀ ခန့်သည် အိမ်မွေးတိရိစ္ဆာန်များနှင့် အတူ
စားနပ်ရိက္ခာအပြည့် သိုလှောင်ကာ ကောင်းမွန်စွာ နေထိုင်ခဲ့ကြသည်
ဟုဆိုပါသည်။

ဘိုင်ဇန်တီနီခေတ်အတွင်း အေဒီ ၇၈၀-၁၁၈၀ အကြားတွင် တည်ဆောက်
ခဲ့သည်ဟုယူဆကြပါသည်။ထိုမြေအောက်မြို့ကြီးသည်
အာရပ်-ဘိုင်ဇန်တီနီစစ်ပွဲအတွင်း ဒေသခံများကို ကာကွယ် ရန်
ကတုတ်ကျင်းတစ်ခုအဖြစ် အသုံးပြုခဲ့ခြင်း ဖြစ်ပါသည်။

မြေအောက် အခန်းများ၌ ချာ့ခ်ျကျောင်းများ၊ သင်္ချိုင်းများ၊ ရေတွင်းများ၊
မြင်းစောင်းများ ၊ လူနေခန်းများ နှင့် စာသင်ကျောင်းများကို ထည့်သွင်း
ဆောက်လုပ်ထားပါသည်။
ထိုမြို့တော်သို့ ၀င်ရောက်ရန် အပေါက် ၆၀၀ ခန့်ရှိပြီး ကျူးကျော်သူများ
အလွယ်တကူ မ၀င်ရောက်နိုင်ရန် အတွင်းမှပိတ်ရသည့် အလွန်ကြီးမား
လေးလံသည့် ကျောက်တံခါးများကို တပ်ဆင်ထားပါသည်။
အထပ်တိုင်းတွင်လည်း ထိုကဲ့သို့ကျောက်တံခါးကြီးများဖြင့်
ပိုင်းခြားပိတ်နိုင်ပါသည်။
အလွယ်တကူ မ၀င်ရောက်နိုင်ရန် အတွင်းမှပိတ်ရသည့် အလွန်ကြီးမား
လေးလံသည့် ကျောက်တံခါးများကို တပ်ဆင်ထားပါသည်။
အထပ်တိုင်းတွင်လည်း ထိုကဲ့သို့ကျောက်တံခါးကြီးများဖြင့်
ပိုင်းခြားပိတ်နိုင်ပါသည်။

အခြားမြို့များသို့ သွားနိုင်ရန်လည်း ရှည်လျားသည့် မြေအောက်ဥမင်
လမ်းရှည်ကြီးများကိုလည်း ဖောက်လုပ်ထားပါသည်။

ယခုအချိန်အထိ တူးဖော်ရှင်းလင်းပြီးသလောက်မှာ မြေအောက်မြို့
ကြီး၏ တစ်ဝက်လောက်သာ ၀င်ထွက်သွားလာနိုင်ပါသည်။

ခရီးသွားဧည့်သည်များကိုလည်း ၀င်ရောက်လည်ပတ်ခွင့်ပေးထား
ပါသည်။ ရှေးဟောင်းမြေအောက်မြို့တော် Derinkuyu သည်
ကမ္ဘာ့အကြီးဆုံး မြေအောက်မြို့ကြီးများ ထဲမှ တစ်ခုအဖြစ် သတ်မှတ်
ထားကြပါသည်။
(မြေအောက်မြို့ အထပ်ထပ်တည်ရှိနေပုံ)
(Derinkuyu မြေအောက်မြို့တည်ရှိရာ နေရာ)
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။