တရုတ်ပညာရှင်တစ်ဦးဟာ လွန်ခဲတဲ့နှစ်တုန်း က မြန်မာပြည် မြစ်ကြီးနားမြို့ဈေးဆိုင်တစ်ဆိုင်ကနေ ပယင်းကျောက်တစ်တုံးကို ၀ယ်ယူသွားပါတယ်။ ပယင်းကျောက်ထဲက အရာဟာ သစ်ပင်ရဲ့အစလို့ ဈေးဆိုင်ပိုင်ရှင်ကပြောပေမယ့် နှစ်ပေါင်း ၃၀ကျော်လေ့လာခဲ့တဲ့ အတွေ့အကြုံအရ ဒါဟာ သစ်ပင်မဟုတ်ကြောင်း Lida Xing က သိခဲ့ပါတယ်။ Lida Xing ဟာ ဘေဂျင်းမြို့ Geosciences တက္ကသိုလ်က ဘူမိဗေဒပညာရှင်တစ်ယောက်ဖြစ်ပါတယ်။
ဒီပယင်းထဲက အရာကို Lida Xing က ကနေဒါ ၊ အင်္ဂလန် တို့က ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်တွေနဲ့ ပူးပေါင်းစစ်ဆေးကြည့်တဲ့အခါမှာတော့ လွန်ခဲ့တဲ့နှစ်သန်းပေါင်း ၉၉တုန်းက ဒိုင်နိုဆောငယ်တစ်ကောင်ရဲ့ အမြီးဖြစ်ကြောင်းလေ့လာတွေ့ရှိခဲ့ရပါတယ်။ ဒိုင်နိုဆောရဲ့ အမြီးဟာ ၃.၇စင်တီမီတာ ရှည်ပါတယ်။
ဒိုင်နိုဆောရဲ့အမြီးကို ပုံစံမပျက်ပဲ ပယင်းထဲကတွေ့ရှိခဲ့မှုဟာ ဒိုင်နိုဆောလေ့လာမှုအတွက်ပညာရှင်တွေကို အထောက်အကူပြုပါတယ်။ ဒိုင်နိုဆောငယ်ဟာ အသားစားဒိုင်နိုဆောတွေဖြစ်တဲ့ Tyrannosaurus rex နဲ့ Velociraptor မျိုးနွယ်တွေနဲ့ ဆက်စပ်နိုင်တယ် လို့ သိရပါတယ်။
ဒီအဖိုးတန်ကျောက်ကို ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းက တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဟူးကောင်းချိုင့်ဝှမ်းထွက် ပယင်းတွေဟာ တိရစ္ဆာန် နဲ့ အပင်တွေရဲ့ရုပ်ကြွင်းတွေပါဝင်လေ့ရှိတာကြောင့် ဒီနေရာဟာ ကမ္ဘာ့အကြီးဆုံးပယင်းဈေးကွက်တည်ရှိတဲ့ နေရာလည်းဖြစ်ပါတယ်။ သုတသနကို ဦးဆောင်တဲ့ Lida Xing ကတော့ "ဆက်လက်ပြီး ဒိုင်နိုဆောတစ်ကောင်လုံးရဲ့ ရုပ်ကြွင်းတွေကို ရှာဖွေပါဦးမယ် ၊ ဒါဟာကျွန်တော့်ရဲ့ အိပ်မက်ပါ ၊ လောလောဆယ်တော့ ဒီနေရာဟာ တိုက်ပွဲတွေဖြစ်နေတာကြောင့် သွားလာခွင့်ပိတ်ခံနေရပါတယ်" လို့ ဆိုပါတယ်။
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။