ထူးထူးဆန်းဆန်း ရိုးရာပွဲတော်တစ်ခု အကြောင်းကို တင်ပြပေးခြင်ပါသည်။
တစ်နှစ်တာအတွင်း မကျေနပ်သောသူများကို လူပုံအလယ်ရင်ဆိုင်
ဖြေရှင်း တိုက်ခိုက်ကြသည့် စိတ်ဝင်စားဖွယ်ပွဲတော်အကြောင်းပါ။
တစ်နှစ်တာအတွင်း မကျေနပ်သောသူများကို လူပုံအလယ်ရင်ဆိုင်
ဖြေရှင်း တိုက်ခိုက်ကြသည့် စိတ်ဝင်စားဖွယ်ပွဲတော်အကြောင်းပါ။

ပီရူးနိုင်ငံ ၊ Chumbivilcas ဒေသတွင် အခြေချနေထိုင်ကြသူများသည်
နှစ်စဉ်နှစ်တိုင် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် Takanakuy ဟုအမည်
ရသည့် ပွဲတော်တစ်ခုကို စွဲစွဲလန်းလန်း ပျော်ပျော်ပါးပါး ကျင်းပတတ်
ပါသည်။

Takanakuy ၏ အဓိပ္ပါယ်မှာ အခြားသူကို တိုက်ခိုက်ခြင်း ဟုအဓိပ္ပါယ်
ရပါသည်။ အမှန်မှာလည်း ဒီပွဲတော်တွင် တိုက်ခိုက်ခြင်း နှင့်
ကခုန်ကြခြင်း ဟူသော အဓိကအပိုင်း နှစ်ပိုင်းပါဝင်ပါသည်။

ဒီဇင်ဘာလ ၂၅ ရက်နေ့ Takanakuy ပွဲတော်ချိန်ရောက်တိုင်း
ထိုဒေသတွင် နေထိုင်ကြသော ယောကျာ်း ၊ မိန်းမ နှင့် ကလေးများ
သည် မိမိတို့ တစ်နှစ်တာအတွင်း မကျေနပ်သူများကို ထိပ်တိုက်
ခေါ်ကာ ပြောဆိုကြပြီး တိုက်ခိုက်ကြပါသည်။ ယောကျာ်း ယောကျာ်း
ခြင်း ။ မိန်းမ မိန်းမ ခြင်း ။ ကလေး ကလေး ခြင်းပါ။

ထို့ပေမယ့် တရားလက်လွှတ် ဖြစ်ချင်တိုင်းဖြစ်၊ ချချင်တိုင်း ချ
တာမျိုးတော့ မဟုတ်ပါ။ လူပုံအလယ်တွင် တစ်ယောက်ချင်း ရန်ဖြစ်
ထိုးကြိတ်ကြရပြီး ဒိုင်အဖြစ် စောင့်ကြည့်ထိန်းပေးရသူများ ရှိပါသည်။
ပွဲအလွန်ကြမ်းလျှင် ဖြစ်စေ ၊ အချိန်တစ်ခုပေးထားပြီး ပြည့်လျှင်ဖြစ်စေ
ထိန်းသိမ်းပေးသူများမှ လူခွဲစေပါသည်။
ထိုးကြိတ်တိုက်ခိုက်သူ
နှစ်ဦးတွင် အားပေးသူ ၊ ပြုစုပေးသူ အဆွေအမျိုး အပေါင်းအဖော်များ
ရှိပေမယ့် ၀င်ရောက်စွတ်ဖက်ဝိုင်းဝန်းတိုက်ခိုက်ခြင်းမျိုးတော့ မရှိပါ။
နှစ်ဦးတွင် အားပေးသူ ၊ ပြုစုပေးသူ အဆွေအမျိုး အပေါင်းအဖော်များ
ရှိပေမယ့် ၀င်ရောက်စွတ်ဖက်ဝိုင်းဝန်းတိုက်ခိုက်ခြင်းမျိုးတော့ မရှိပါ။

အထူးသဖြင့် ဒီပွဲတော် ကျော်ကြားရခြင်းမှာ အမျိုးသမီးများ
အချင်းချင်း တိုက်ခိုက်ကြပုံများကြောင့် ဖြစ်ပါသည်။အမျိုးသမီးများ
တိုက်ခိုက်ပွဲတွင် အကြိတ်အနယ်ဖြင့် သဲသဲမဲမဲ တိုက်ခိုက်တတ်ကြ
ပါသည်။ စောင့်ကြည့်ထိန်းသိမ်းသူများကလည်း ထိုပွဲမျိုးတွင်
အထူးသတိထားကြပါသည်။ အခြားအဆွေအမျိုး ယောကျာ်းသား
များ မပါအောင်လည်း စောင့်ကြည့်ထားရပါသည်။

စိတ်ဝင်စားဖွယ်ကောင်းသည်မှာ ပွဲတော်၏ဒုတိယပိုင်း ဖြစ်ပါသည်။
မကျေနပ်သူများကို စိန်ခေါ်၍ ရင်ဆိုင်ဖြေရှင်းတိုက်ခိုက်မှု ပြီးကြ
သည်နှင့် ညပိုင်းတွင် အတူသောက်စားပျော်ပါးပြီး သီဆိုကခုန်ကြပါသည်။
မိမိ၏ မကျေနပ်ချက်များကို နောင်နှစ်တွင် အပါမခံဘဲ ထိုသို့
အတူတကွ ပျော်ပါးသီဆိုကခုန်ကြရင်း သင်ပုန်းခြေလိုက်ကြပါသည်။

ထိုသို့ဖြင့် တစ်ရပ်တစ်ရွာတည်းနေထိုင်ကြသူ အချင်းချင်း နှစ်သစ်တွင်
ရန်ငြိုးမရှိဘဲ ချစ်ချစ်ခင်ခင်နေထိုင်ကြပါတော့သည်။

ထိုကဲ့သို့ပွဲတော်မျိုးကို မူလက Chumbivilcas ဒေသ၏မြို့တော်
Santo Tomás တွင်စတင်ကျင်းပလေ့ရှိကြပြီး တဖြည်းဖြည်း အခြား
မြို့ရွာများကို ပြန့်နှံ့ခဲ့ပါသည်။
ရန်ငြိုးရှိသူများသာ တိုက်ခိုက်ကြခြင်း
မျိုး မဟုတ်ဘဲ ယောကျာ်းသားများအနေဖြင့် မိမိ၏ စွမ်းအားပြသည့်
ပွဲအနေဖြင့်လည်း တိုက်ခိုက်လေ့ရှိကြပါသည်။ ပွဲပြီးလျှင်တော့
အမုန်းမဖက် ရန်ငြိုးမထားကြတာကတော့ ချစ်စရာ ဓလေ့တစ်ခုပါ။
မျိုး မဟုတ်ဘဲ ယောကျာ်းသားများအနေဖြင့် မိမိ၏ စွမ်းအားပြသည့်
ပွဲအနေဖြင့်လည်း တိုက်ခိုက်လေ့ရှိကြပါသည်။ ပွဲပြီးလျှင်တော့
အမုန်းမဖက် ရန်ငြိုးမထားကြတာကတော့ ချစ်စရာ ဓလေ့တစ်ခုပါ။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။