ပထမဆုံးအနေဖြင့် ထူးထူးခြားခြား ဖွင့်လှစ်ပြသခဲ့သည့်
ရုရှနိုင်ငံ မှ ရေခဲစာကြည့်တိုက် ဖြစ်ပါသည်။

ရုရှနိုင်ငံ ၊ Siberia ဒေသရှိ Lake Baikal ရေကန်ကြီးတွင်
ရေခဲစာကြည့်တိုက် ကိုဖွင့်လှစ်ပြသခဲ့ခြင်း ဖြစ်ပါသည်။
Lake Baikal ရေကန်ကြီးသည် ရေချိုပမာဏ အများဆုံးရှိ
သည့် ကမ္ဘာ့အကြီးဆုံး ကန်ကြီးဖြစ်ပါသည်။ ထိုရေကန်ကြီး
သည် ဆောင်းရာသီတွင် ရေခဲသွားပြီး နှစ်စဉ်ခရီးသွား
ပြည်သူများ သွားရောက်လည်ပတ်တတ်ကြသည့် နေရာ
တစ်ခုပါ။

ထိုရေကန်ကြီး၌ ယခုရေခဲစာကြည့်တိုက်ကို တည်ဆောက်ထား
ခြင်းဖြစ်ပြီး လူ၁၀၀၀ ကျော်၏ မျှော်လင့်ချက် နှင့် အိမ်မက်တွေ
ဖြင့် အကောင်အထည် ဖော်ထားခြင်း ဖြစ်ပါသည်။

ရေခဲတုံးများ၏ စုစုပေါင်း အလေးချိန်သည် တန် ၂၀၀ အထိ
ရှိပြီး စာရေးထွင်းထားသော ရေခဲတုံးပေါင်း ၄၀၀ ဖြင့် ဖန်တီး
ထားခြင်း ဖြစ်ပါသည်။ ထိုစာရေးထားသော ရေခဲတုံးများကို
ပတ်ခြာလှည့် စီတန်းထားပြီး စာအုပ်ဖွင့်ဖတ်သလိုမျိုး ဖြစ်ရန်
စီစဉ်ပေးထားပါသည်။

Maxim Khvostishkov ဆိုသူမှ သီးဆောင်ကာ ပုံဖော်စီစဉ်
ဖန်တီးပြခဲ့ခြင်း ဖြစ်ပါသည်။

ကမ္ဘာအရပ်ရပ်မှ ခရီးသွား ပြည်သူများ အတွက် ရည်ရွယ်
ထားခြင်း ဖြစ်ပြီး တစ်ကမ္ဘာလုံး စိတ်ဝင်စားနိုင်သည့်
အကြောင်းအရာမျိုးကို ရွေးခြယ် ရေးသားပေးထားခြင်း ဖြစ်ပါသည်။

ဘာသာစကားကိုလည်း ရုရှ ၊ အင်္ဂလိပ် ၊တရုတ် ၊ ပြင်သစ် ၊
ဂျာမနီ နှင့် ယူကရိန်းဘာသာစကား များဖြင့် ရေးထိုးပေးထားပါသည်။
အများဆုံး လာရောက်လည်ပတ်တတ်ကြသည့် ခရီးသွား
ဧည့်သည်များ ဖတ်ရှု့နိုင်ရန် ရည်ရွယ်စီစဉ် ထားခြင်းပါ။

ထိုရေခဲစာကြည့်တိုက် ရှိရာ Siberia ဒေသရှိ Lake Baikal
ရေကန်ကြီးသည် ၁၉၉၆ ခုနှစ်တွင် ယူနက်စကို ၏ ကမ္ဘာ့
အမွေအနှစ်ဒေသ တစ်ခုအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။