
အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေတဲ့ ရ၀မ်ဒါ စက်ဘီးစီး အဖွဲ့ဟာ လေ့ကျင့်မှုတွေ ပြုလုပ်နေစဉ် ဆီးနှင်း (Snow) တွေကို မြင်တွေခဲ့ လို့ အားလုံး အထူးအဆန်း ဖြစ်သွားခဲ့ ပါတယ်။ သူတို့တစ်တွေဟာ စက်ဘီးပေါ်က နေဆင်းခဲ့ ကြပြီး ဆီးနှင်းတွေကို မမြင်ဖူးတဲ့ အလား ကြည့်ရှု ကိုင်တွယ်ခဲ့ကြ ပါတယ်။ အချို့ ဆိုရင် ဆီးနှင်းတွေကို ဘောင်းဘီ အိတ်ထဲ ထည့်ပြီး ယူဆောင်သွားကြပါတယ်။ ရ၀မ်ဒါ ဟာ အာဖရိကတိုက်က နိုင်ငံ တစ်နိုင်ငံ ဖြစ်ပြီး သူတို့အတွက်က ဆီးနှင်းတွေဟာ အထူးအဆန်း တစ်ခု ဖြစ်နေပါတယ်။ အမေရိကန် ပြည်ထောင်စုကို ရောက်နေတဲ့ ရ၀မ်ဒါ စက်ဘီးစီး အဖွဲ့ဟာယူတက် ပြည်နယ်မှာ လာရောက် လေ့ကျင့်တာ ဖြစ်ပါတယ်။ ရ၀မ်ဒါ စက်ဘီးစီး အဖွဲ့ဟာ အာဖရိကမှာ နာမည်ကြီးတဲ့ အားကစား အဖွဲ့ဖြစ်ပြီး၊ ၂၀၀၇ တုန်းကလည်း ယူတက်ပြည်နယ်က တောင်တန်းတွေ မှာ လာရောက် လေ့ကျင့်ဖူး ပါတယ်။ အဲဒီတုန်း ကတော့ ဆီးနှင်းတွေ မြင်တွေ့ရခြင်း မရှိပါ ဘူး။ ရ၀မ်ဒါစက်ဘီး အဖွဲ့မှ ပြောရေး ဆိုခွင့် ရှိသူ တစ်ဦးက ကစားသမားများမှာ ဆီးနှင်းတွေကို ပထမဆုံး အကြိမ် မြင်တွေ့ဖူးတာ ဖြစ်တာကြောင့် အံ့အားသင့်တဲ့ အမူအရာတွေ ရှိခဲ့ခြင်း ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ ရ၀မ်ဒါ နိုင်ငံဟာ အမြဲတမ်း ပူအိုက်နေတဲ့ ရာသီဥတု ရှိပြီး၊ အီကွေတာနဲ့ နီးစပ် တာကြောင့် တစ်နှစ်ပတ်လုံး ပူအိုက် တတ်ကြောင်း သိရပါတယ်။
Credit ; messenger
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။