ကမ္ဘာတစ်လွှားတွင် တည်ရှိကြသော ဟော်တယ်အများအပြားတွင် ဖွင့်နှစ်ခဲ့သည့် သက်တမ်းအရင့်ဆုံး ဟော်တယ်သည် သက်တမ်းဘယ်လောက်ကြာပြီ ထင်ပါသလဲ။ ဂျပန်နိုင်ငံမှ Nishiyama Onsen Keiunkan ဟော်တယ်ကတော့ လွန်ခဲ့သော နှစ်ပေါင်း ၁၃၀၀ ကျော်ကတည်းက စတင်ဖွင့်လှစ်ခဲ့ပြီး ယခုအချိန်အထိ ဖွင့်လှစ်စဲဖြစ်ပါသည်။

ဂျပန်နိုင်ငံ ၊ Yamanashi စီရင်စု ၊ Hayakawa မှ Nishiyama Onsen Keiunkan ဟော်တယ်သည် 705 AD ကတည်းက စတင်ဖွင့်လှစ်ခဲ့ပြီး မိသားစု တစ်စုတည်းမှ ခေတ်အဆက်ဆက် လက်ဆင့်ကမ်းအမွေအဖြစ် စဉ်ဆက်မပျက်ဖွင့်လှစ်လာခဲ့သည်မှာ ယနေ့အချိန်အထိ ဖြစ်ပါသည်။

မျိုးဆက်ပေါင်း ၅၂ ဆက်အထိ လက်ဆင့်ကမ်း ထိန်းသိမ်းလာခဲ့သည့် မိသားစုပိုင် ဟော်တယ်တစ်ခု ဖြစ်ပါသည်။ Akaishi တောင်ခြေတွင် လှပသော တောတောင်ရှုခင်းများဖြင့် ဖွင့်လှစ်ထားခဲ့ခြင်း ဖြစ်ပါသည်။

ဒီဟော်တယ် ယခုကဲ့သို့ နှစ်ပေါင်း ၁၃၀၀ ကျော်သည်အထိ ရပ်တည်ဖွင့်လှစ် နိုင်ခြင်းအဓိကအကြောင်းအရင်း တစ်ခုမှာ မှာလည်း ရေပူစမ်းကြောင့် ဖြစ်ပါသည်။ Hakuho ရေပူစမ်းကြောင့်ပင် လာရောက်လည်ပတ်နားခိုသူများ အမြဲမပြတ် တည်ရှိနေခြင်း ဖြစ်ပါသည်။

ထို့ကြောင့်ပင် စတင်ဖွင့်လှစ်ခဲ့ချိန်မှ ယခုအချိန်အထိ ခေတ်အဆက်ဆက် ဖွင့်လှစ်နိုင်သည့် ဟော်တယ်ဖြစ်သောကြောင့် ဂင်းနစ်ကမ္ဘာ့မှတ်တမ်းစာအုပ်တွင် ကမ္ဘာ့သက်တမ်းအရင့်ဆုံး ဟော်တယ် အဖြစ် ထည့်သွင်းမှတ်တမ်းခြင်းခံခဲ့ ရပါသည်။

ဂင်းနစ်မှတ်တမ်းတွင် ကမ္ဘာ့ဒုတိယ သက်တမ်းအရင်းဆုံး ဟော်တယ်မှာလည်း ဂျပန်နိုင်ငံတွင်ပဲ ရှိပြီး ယခု Keiunkan ဟော်တယ်မှ ၆ နာရီလောက် ကားမောင်းသွားလျှင် ရောက်ရှိနိုင်ပါသည်။ ထိုဟော်တယ်ကတော့ Hoshi Ryokan ဟု အမည်ရပြီး ယခုဟော်တယ်ထက် ၁၃ နှစ် နောက်ကျပြီး ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါသည်။ ဒါကြောင့် Hoshi Ryokan ဟော်တယ်သည်လည်း နှစ်ပေါင်း ၁၃၀၀ ကျော်ပြီ ဖြစ်သည့် သက်တမ်းရင့် ဟော်တယ် တစ်ခုပါ။

Nishiyama Onsen Keiunkan ဟော်တယ်တွင် အခန်းပေါင်း ၃၇ ခန်းသာရှိပြီး တစ်ညလျှင် ၅၂၀၀၀ ယန်း (အမေရိကန်ဒေါ်လာ ၄၃၉ ဒေါ်လာ) ကျသင့်မည် ဖြစ်ပါသည်။

သက်တမ်းအရင့်ဆုံးဟော်တယ်ဖြစ်သော်လည်း အဆောက်အဦးများကတော့ ခေတ်အဆက်ဆက် ပြန်လည်ပြုပြင် မွမ်းမံမှုများ ပြုလုပ်ထားခဲ့ပါသည်။သက်တမ်းရင့် ဟော်တယ်ဖြစ်သဖြင့် ဂျပန်ရိုးရာ ၀န်ဆောင်မှုပုံစံများ နှင့် ခေတ်သစ်ဝန်ဆောင်မှုများကို သင့်တော်သလို နေရာပေးထားပါသည်။

သန့်ရှင်းသပ်ရပ်သော အပြင်အဆင်များ နှင့် သဘာဝတောတောင်ရေမြေအလှများကို ခံစားရမည်ဖြစ်ပြီး ရေပူစမ်းတွင် ရေစိမ်ခြင်းဖြင့် စိတ်ကျေနပ်အောင် အနားယူ အပန်းဖြေနိုင်မည် ဖြစ်ပါသည်။
သူငယ်ချင်းများပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။