တရုတ်နိုင်ငံ ၊ Shanxi ပြည်နယ် ရှိ Wanniandong ရေခဲလှိုဏ်ဂူကြီးသည် မီတာ ၁၀၀ ကျော် ရှည်လျားကာ တရုတ်နိုင်ငံရှိ ရေခဲလှိုဏ်ဂူများတွင် အကြီးဆုံး ဖြစ်ပါသည်။

ပင်လယ်ရေမျက်နှာပြင်အထက် ၂ ၃၀၀ မီတာတွင် တည်ရှိပြီး လှပသော ရေခဲပန်းဆွဲ အမျိုးမျိုး နှင့် အထပ်လိုက် အလွှာလိုက် တည်ရှိနေပုံများမှာ အလွန်လှပ နေပါသည်။

ထိုရေခဲလှိုဏ်ဂူကြီးသည် လွန်ခဲ့သော နှစ် ၃ သန်းလောက်ကတည်းက စတင်ဖြစ်တည်လာသည်ဟု ခန့်မှန်းထားကြပြီး Wanniandong ဟုအမည်ပေးထားခြင်းမှာ တရုတ်ဘာသာစကားဖြင့် နှစ်တစ်သောင်းလှိုဏ်ဂူကြီးဟု အဓိပ္ပါယ်ရပါသည်။

အကျယ်ဆုံးနေရာတွင် မီတာ ၂၀ အထိကျယ်ဝန်းကာ တရုတ်နိုင်ငံ၏ အကျော်ကြားဆုံး ရေခဲလှိုဏ်ဂူ တစ်ခု ဖြစ်ပါသည်။ တရုတ်နိုင်ငံ၏ AAAA အဆင့် ခရီးသွားဒေသအဖြစ်သတ်မှတ်ထားပါသည်။

လာရောက်လည်ပတ်သူများ အနေဖြင့် လှပသော ရေခဲပန်းဆွဲများ ၊ နံရံများ ၊ ရေခဲ တွင်းပေါက်များကို စိတ်ကြည်နူးချမ်းမြေ့ဖွယ် တွေ့ရှိခံစားနိုင်မည် ဖြစ်ပါသည်။
သူငယ်ချင်းများပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။