တရုတ်နိုင်ငံ
အနောက်တောင်ပိုင်း ၊ Guizhou ပြည်နယ် ၊
Zunyi တွင်
ကြီးမားလှသော တရုတ်ရိုးရာ အမှတ်အသားတစ်ခု ဖြစ်သည့် Bagua ပုံစံ (သို့) ရှစ်မြောင့်
အဋ္ဌဂံပုံ ဥယျာဉ်ကြီးကို တည်ဆောက်ဖွင့်လှစ် ခဲ့ပါသည်။
ထိုဥယျာဉ်ကြီးသည်
၄၉.၄ ဧက ကျယ်ဝန်းပြီး ပန်းပင် နှင့်သစ်ပင်မျိုးကွဲပေါင်း ၈၁ မျိုး စိုက်ပျိုးထားပါသည်။
အလယ်တွင်
ယင် - ယန် အမှတ်တဆိပ်စက်ဝိုင်း ရှိပြီး ရာသီအလိုက် သစ်ပင် ပန်းပင်များမှ အရောင်ပြောင်းလဲ
လှပနေမည် ဖြစ်ပါသည်။
သစ်သားပေါင်းကူးတံတားများ
ဖြင့်ပိုင်းခြားထားပြီး ထိုဥယျာဉ်ကြီး တည်ဆောက်ချိန် ၈ လခန့် ကြာမြင့်ခဲ့ပါသည်။
Bagua ပုံ
(သို့) အဋ္ဌဂံပုံသည် တာအိုဝါဒ၏ အရေးပါသော အမှတ်တံဆိပ်တစ်ခု ဖြစ်သလို တရုတ်လူမျိုးများ၏
အထိမ်းအမှတ် အမှတ်အသားတစ်ခု ဖြစ်ပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။