
တောရိုင်းသတ္တဝါများ ကျက်စားရာ မြေဧက ၁၀ သန်းကိုအမျိုးသားဥယျာဉ် ကြီးများအဖြစ် ထိန်းသိမ်းသွားမည်ဟု ချီလီအစိုးရကကြေညာထားပြီး အစိုးရ ကြေညာထားသည့် ဒေသကြီးသည် အလှူရှင်တစ်ဦးကြောင့် မြေဧက တစ် သန်း ပိုမိုကျယ်ဝန်းသွားပြီဖြစ်သည်။ ပတာဂိုနီးယားကုမ္ပဏီတွင် စီအီးအို အဖြစ် အမှုထမ်းခဲ့သူ ခရစ်တွမ်ကင်စ်က ၎င်းပိုင်မြေဧက တစ်သန်းကို အစိုးရအား ရက်ရက်ရောရော လှူဒါန်းလိုက်ခြင်းဖြစ် သည်။ ယင်းအလှူသည် သမိုင်းတွင် လူ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တည်းက လှူ ဒါန်းသည့် မြေဧကအနက် အများဆုံးဖြစ် သည်ဟုကုမ္ပဏီထုတ်ပြန်ချက်တွင် ရေး သားထားသည်။ စုစုပေါင်း မြေဧက၁၁ သန်းကို အစိုးရက အမျိုးသားဥယျာဉ် ကြီးပေါင်း ငါးခု ဖွင့်လှစ်သွားမည်ဖြစ်သည်။ ထိုဒေသရှိ မီးတောင်များ၊ ကမ်းရိုးတန်း ဒေသများနှင့်သစ်တောများကို ကာကွယ် ထိန်းသိမ်းသွားမည်ဟု ချီလီအစိုးရက ကတိပြုသည်။ တောရိုင်းသဘာဝကို စိတ် ဝင်စားသည့် ခရီးသွားများ အထက်ပါ ဥယျာဉ်ကြီးများတွင် လည်ပတ်နိုင်မည်ဖြစ် သည်။ ယင်းသဘာဝအခြေခံခရီးသွား လုပ်ငန်းသည် လူပေါင်း ၄၃ ၀၀၀ ခန့်ကို အလုပ်အကိုင်ပေးနိုင်မည်ဖြစ်ပြီး ထိုခရီး သွားလုပ်ငန်းမှတစ်နှစ်လျှင်ဒေါ်လာသန်း ၂၇၀ ခန့် ရရှိနိုင်မည်ဟု အစိုးရက ခန့်မှန်း ထားသည်။
Ref ; DM
Credit:Pyimyanmar
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။