
ထိတို့ဖန်သားပြင်နဲ့ ဖုန်းများကို စမတ်ဖုန်းဟု ခေါ်ကြသည်။ ထိုစမတ်ဖုန်း များသည် ကျောင်းသားများကိုကား စမတ်မကျစေသည့်အပြင် ပို၍ပင် တုံးသွားအောင် လုပ်နိုင်စွမ်းရှိကြောင်း လေ့လာမှု စစ်တမ်း တစ်ရပ်က ဆိုလိုက်သည်။
လေ့လာမှုစစ်တမ်းတွင် ပါဝင်သော ကျောင်းသူ ကျောင်းသားများကို အိုင်ဖုန်းများ အခမဲ့ ပေးသုံးထားသည်။ စာသင်နှစ် တစ်နှစ်တာ လေ့လာမှု ကာလအဆုံးသတ်သည်တွင် ကျောင်းသားများ၏ သဘောထားကို မေးမြန်းရာ ဖုန်းကြောင့် အာရုံနောက်ကာ ကျောင်းစာ ထိခိုက်ရသည်ဟု ဆိုသူက များနေသည်။
တက္ကဆက်ပြည်နယ် ဟတ်ဆန်မြို့ ရွိုက်စ်တက္ကသိုလ်မှ စိတ်ပညာရှင်များသည် စမတ်ဖုန်းများက ကျောင်းသားများကို စာပေလေ့လာရာမှာ ပိုထိရောက်စေလား၊ အနှောင့်အယှက်ဖြစ်စေလား သိရအောင် လေ့လာခဲ့ခြင်း ဖြစ်သည်။ စမတ်ဖုန်းရှိသော ကျောင်းသားများသည် သိချင်သည့် အချက်အလက်များ အင်တာနက်မှာ ရှာနိုင်ခြင်း၊ အိမ်စာများကို အွန်လိုင်းကနေ လုပ်နိုင်ခြင်း၊ အွန်လိုင်းကနေ သူငယ်ချင်း ချင်း ကျောင်းစာ ဆွေးနွေးနိုင်ခြင်း အကျိုးများ ရရှိကြသည်။
စာသင်နှစ်အစတွင် အိုင်ဖုန်းများရသော ကျောင်းသားအစုက ဖုန်းများကြောင့် ပညာရေးပိုင်း ပိုတိုးတက်လာမည်ဟု ယုံကြည်ကြောင်း သဘောထား ပေးကြသည်။ သူတို့ သဘောထားကို အမှတ်ပေး ကြည့်ရာ (၃ ဒသမ ၇၁) မှတ် ရသည်။ စာသင်နှစ်ကုန်ချိန်တွင် ယုံကြည်မှုကို မေးမြန်း အမှတ်ပေးရာ ရမှတ် (၁ ဒသမ ၅၄)သာ ရှိတော့ကြောင်း တွေ့ရသည်။
ဖုန်းတွေဟာ ပညာရေးပိုင်းမှာ အနှောင့်အယှက် ပေးနိုင်သည်ဟူသော အချက်ကို ထောက်ခံပါသလားဟု သဘောထား မေးမြန်း အမှတ်ပေးရာ (၁ ဒသမ ၉၁) မှတ်သာ ရှိသည်။ စာသင်နှစ်ကုန်ချိန်တွင် ကား (၄ ဒသမ ၀၃)မှတ်ထိ ရောက်လာသည်။ ဖုန်းတွေက အာရုံနောက်အောင် လုပ်သည်ဟု ဆိုလိုက်ကြခြင်း ဖြစ်သည်။ လေ့လာမှုစစ်တမ်းကို Educational Psychology ဂျာနယ်တွင် ထည့်သွင်းဖော် ပြထားသည်။
Source: Daily Mail
Credit: messengernewsjournal.com
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။