
Crush ဆိုတာက သူ့ရဲ့ရုပ်ရည်နဲ့ ပြောဟန်ဆိုဟန်လေးကြောင့် ခဏလောက်ပဲ စိတ်ကစားတာမျိုးပါ။
ဒီအချက်တွေ သင့်မှာ ဖြစ်နေပြီဆိုရင် သူ့ကို သင် စိတ်ကစားတာထက် ပိုနေပြီဆိုတဲ့ အဓိပ္ပာယ်ပါပဲ။
၁။ စိတ်အရမ်းလှုပ်ရှားနေတတ်ပြီ။ သူ့အနားရောက်ရင် ဘယ်လိုမှသက်တောင့်သက်သာမဖြစ်သလိုခံစားရတယ်။
၂။ သူ ကိုယ့်ဆီပို့မယ့် Message ကိုပဲ မျှော်နေမယ်။
၃။ တခြား Crush တွေက ဖွဲနဲ့ ဆန်ကွဲဖြစ်သွားတယ်။
၎။ အီစီကလီထက်ပိုတဲ့ စကားအကောင်းတွေ ပိုပြောဖြစ်လာမယ်။
၅။ ချိန်းတွေ့နေရတာထက် Shopping တူတူထွက်ဖို့ကို ပိုတောင့်တမယ်။
၆။ ပြင်ဆင်ထားတဲ့အလှကိုပဲ မမြင်စေချင်တော့ဘူး။ ကိုယ့်ရဲ့ပင်ကိုယ်အလှကို သူသိစေချင်လာတယ်။
၇။ ကျန်တဲ့သူတွေကို ချောတယ်လို့သိပ်မထင်တော့ဘူး။
၈။ ဖုန်းပြောရတာ ပျော်လာတယ်။
၉။ သူကိုယ့်ကို အမြဲအာရုံမစိုက်တာတောင် စိတ်ထဲမှာကြည်နူးနေတတ်တယ်။
၁၀။ သူ့ကို အမြဲတမ်းချီးကျူးပြမနေတော့ဘူး။
၁၁။လပိုင်းလောက်လိုသေးတဲ့ပွဲလမ်းသဘင်တွေကို ကြိုဖိတ်ချင်နေပြီ။
၁၂။ သူ့အကြောင်းကို သူနဲ့ပြောတဲ့စကားတွေထဲကနေ အကောင်းဆုံးအကဲခတ်ဖို့ကြိုးစားနေပြီ။
၁၃။ Message တစ်ခုတည်းကို ၃ ခါ ဆက်တိုက်ပို့မိလည်း မရှက်တော့ဘူး။
Source : Cosmopolitan
Credit:duwun.com.mm
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။