
၂၀၀၉ တုန်းက ဖမ်းဆီးမိခဲ့တဲ့ ရာဇ၀တ်ဂိုဏ်း တစ်ဂိုဏ်းဟာ အသက်ကြီးသူတွေနဲ့သာ စုဖွဲ့ထားတာကြောင့် စိတ်ဝင် စားစရာ ဖြစ်ခဲ့ပါတယ်။ စုစုပေါင်းရှစ်ဦး ပါဝင်ရာမှာ အသက်အငယ်ဆုံးက ( ၅၇) နှစ်ဖြစ်ပြီး အသက်အကြီးဆုံးက (၈၃) နှစ် ဖြစ်ပါတယ်။ ဒီဂိုဏ်းဟာ ဗြိတိန်ရဲ့ အသက်ကြီးဆုံး ရာဇ၀တ်ဂိုဏ်းအဖြစ် သတ်မှတ် ခံလိုက်ရပါတယ်။ သူတို့အဖွဲ့ဟာ အသက် အရွယ်ကြီးသူတွေ ဖြစ်ကြပေမယ့် ပြုလုပ်ခဲ့တဲ့ ရာဇ၀တ်ပြစ်မှုက အလွန်အန္တရာယ်များတဲ့ ငွေကြေးအတု ပြုလုပ်ခြင်း ဖြစ်ပါတယ်။ လန်ဒန်နဲ့ ဂလက်စကို တို့မှာ အခြေစိုက်ပြီး ငွေကြေး အတုတွေ လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။ အလွန်လက်ရာ ကောင်းမွန်ပြီး ခွဲမရအောင်တူတဲ့ ငွေကြေးအတုတွေကို ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ပေါင် ( ၂၀) တန် ငွေအတုတွေ အများအပြား ဖမ်းဆီးနိုင်ခဲ့သလို ယူရိုငွေကြေး အတုတွေကိုလည်း ပြုလုပ်ခဲ့ပါတယ်။ ငွေစက္ကူအတုကို ကျွမ်းကျင်စွာ ထုတ်လုပ်ခဲ့တာကြောင့် တာဝန်ရှိသူတွေအတွက် စိုးရိမ်စရာဖြစ်ခဲ့ပြီး ဂိုဏ်းတစ်ဂိုဏ်းလုံးကို ဖြိုခွဲနိုင်ခဲ့တာ ဖြစ်ပါတယ်။ ရာဇ၀တ်မှု အများစုဟာ လူငယ်လူရွယ်တွေနဲ့ သက်လတ်ပိုင်း အများစုသာ ကျူးလွန်နေပေမယ့် ငွေအတုပြုလုပ်တဲ့ ဂိုဏ်းမှာ အသက်အငယ်ဆုံးက (၅၇)နှစ် ဖြစ်နေခြင်းက ရဲတပ်ဖွဲ့ဝင်တွေကို အကောင်းဆုံး လှည့်ဖြားမှုတစ်ခု ပြုလုပ်လိုက်ခြင်းလည်း ဖြစ်ပါတယ်။
Credit : messengernewsjournal.com
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။