
Tippi ရဲ့ သတင်းကို ကြားသိပြီး ကင်မရာ ဆရာတွေက သူမနဲ့ ဘော်ဒါ အပေါင်းအသင်း တွေရဲ့ လှုပ်ရှားမှုတွေကို မှတ်တမ်းတင် ခဲ့ပါတယ်။

အသက် ၆ နှစ် အရွယ် Tippi ဟာ Abu လို့ အမည်ရတဲ့ ဆင်ကြီးကို အကိုလို ပေါင်းသင်း နေထိုင် ပါတယ်။

ချီတာ ကျားသစ်ကြီးနဲ့ Linda လို့ အမည်ရတဲ့ ငှက်ကုလားအုပ် မကြီး ကလည်း သူမရဲ့ အပျင်းတော်ပြေ တွေ ပါဘဲ။

Tippi ဟာ အာဖရိကတိုက် Windhoek, Namibia မှာ အခြေချ နေထိုင်တဲ့ ပြင်သစ် ဓာတ်ပုံ ဆရာ စုံတွဲ Sylvie Robert နဲ့ Alain Degre တို့ရဲ့ သမီး ဖြစ်ပါတယ်။

Tippi တို့ မိသားစုတွေဟာ တောင်အာဖရိက၊ ဇင်ဘာဘွေ၊ ဘော့စ်ဝါနာ၊ နမ်ဘီးယား နိုင်ငံရဲ့တောနက်တွေ ထဲမှာ တစ်လှည့်စီ နေထိုင်ရင်း သားရိုင်း တိရစ္ဆာန်တွေရဲ့ လှုပ်ရှားမှု ပုံရိပ်တွေကို မှတ်တမ်း တင်နေကြ သူတွေ ဖြစ်ပါတယ်။

အခု အခါမှာတော့ Tippi ဟာ ကမ္ဘာကျော် ကလေး တစ်ယောက် ဖြစ်နေပါပြီ။ သူမနဲ့ ပတ်သက်တဲ့ ဓာတ်ပုံ အယ်လ်ဘမ် တွေကို Tippi: My Book Of Africa လို့ အမည် ပေးထားကာ သတင်း မီဒီယာတွေမှာ ဝေေ၀ ဆာဆာ ဖော်ပြနေ တာကို တွေ့ရ ပါတယ်။

source : thesun.co.uk
မဒီလေး (Shwemom)
Originally published -shwemom.com
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။