
ကွန်ပျူတာဖြင့် လေ့လာ ဆန်းစစ်ချက် အရ Planet 9 ဂြိုဟ်သည် ပထမဆုံးအကြိမ် အဖြစ် နေအဖွဲ့ အစည်း အတွင်း တည်ရှိသည့် သီးခြားဂြိုဟ် ဖြစ်သည်ဟု ယူဆ ရကြောင်း အာကာသ ပညာရှင်များက ထုတ်ဖော် ပြောကြား ခဲ့သည်။

သီအိုရီများ အရ သီးခြားဂြိုဟ် များသည်နေကို မလှည့်ပတ်ဘဲ ကြယ်ကိုသာ လှည့်ပတ်လေ့ ရှိသည့်ဂြိုဟ်များ ဖြစ်ပြီး နေ အဖွဲ့အစည်း ပြင်ပတွင်သာ တည်ရှိကြောင်း၊ သို့သော် ယခုအခါ သီးခြားဂြိုဟ် တစ်လုံးဖြစ်သော Planet 9 ဂြိုဟ်မှာ နေအဖွဲ့အစည်း အတွင်း တည်ရှိသည့် ပထမဆုံးဂြိုဟ် ဟု ယူဆရကြောင်း ပညာရှင်များက ပြောကြားသည်။
ဆွီဒင်နိုင်ငံမှ အာကာသ ပညာရှင်များ၏ လေ့လာချက်အရ အဆိုပါ ဂြိုဟ်သည် နေက လှည့်ပတ်နေပြီး နေအဖွဲ့အစည်း ၏ အစိတ်အပိုင်း တစ်ခု ဖြစ်ကြောင်းနှင့် ကမ္ဘာထက် ဆယ်ဆခန့် ပိုမိုကြီးမားပုံ ရကြောင်း သိရသည်။
အဆိုပါ တွေ့ရှိချက်သာ မှန်ကန်ပါက အာကာသ လေ့လာမှုများ နှင့် နေ၊ ကမ္ဘာဂြိုဟ် တို့၏ အကြောင်းကို ပိုမိုနားလည် လာနိုင်စေရန် ပညာရှင်များ အတွက် အလွန် အကျိုး ရှိသော ရှေ့တိုး ဆောင်ရွက်မှုများ ဖြစ်ပေါ်စေမည် ဖြစ်သည်။
Credit:pyichitthar.com
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။